Main menu

ကန်စွန်းဥဈေးကွက်

Powered by Drupal

 စျေးကွက်အတွင်းသို့ ကန်စွန်းဥဝင်ရောက်မှုမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်တို့မှအဝင်များပြီး၊ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်းသိရပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ် တို့တွင် ကန်စွန်းဥကို အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်နှင့်အဝါနုရောင်တို့မှာ စျေးကွက် အတွင်းသို့ အများဆုံးတွေ့ရပါတယ်။ ကန်စွန်းဥအား ပြုတ်စား၊ မီးဖုတ်စား၊ ကြော်စား၊ ပေါင်းစား၊ ယိုထိုးစား၊ ပူတင်းဖုတ်စား၊ အသီးခြောက်လုပ်စား၊ ဟင်းခတ်မှုန့်ပြုလုပ်၍ စားသုံးကြကြောင်း သိရပါတယ်။ ကန်စွန်းဥသည် အဟာရဓါတ်ကြွယ်ဝခြင်း၊ ဓါတ်တိုးဆန့်ကျင်အာနိသင်လည်းကြွယ်ဝခြင်း၊ သွေးတွင်း သကြား ဓါတ်ထိန်းညှိပေးခြင်း၊ ဦးနှောက်လုပ်ဆောင်မှု ကောင်းမွန်ခြင်း၊ ကိုယ်ခံအား ကောင်းခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ လေးဖက်နာကြောင့် နာကျင်မှုကို သက်သာစေခြင်း၊ အစာအိမ်အနာကိုသက်သာစေခြင်းနှင့် ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ပထမပတ်တွင် စျေးကွက် အတွင်းရောင်းချသည့်ကန်စွန်းဥလက္ကား တစ်ပိဿာစျေးနှုန်း ၂၅၀ဝိ/-မှ ၂၇၀ဝိ/-ထိ လက်လီ တစ်ပိဿာ စျေးနှုန်းများ ၂၈၀ဝိ/-မှ ၃၀၀ဝိ/-ထိ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ ကန်စွန်းဥမှာ လတ်ဆပ်မှုနှင့်အလုံးအရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွားခြားမှုရှိကြောင်းသိရပါတယ်။ ဈေးနှုန်း ချိုသာပြီး အရသာရှိသော ကန်စွန်းဥမှာ  မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း ကန်စွန်းဥများ ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။

DOCA(မန္တလေး)