Main menu

မြင်းခြံမြို့ရှိ ဈေးများအတွင်း ရောင်းချလျက်ရှိသည့် ကြံသကာဈေးကွက်

Powered by Drupal

          ကြံသကာဆိုသည်မှာ ကြံသီးနှံကို အရည်ထုတ်ယူ၍ မီးဖြင့်ကျိုချက်ခြင်းမှ ရရှိလာသည့် ကြံသကာစစ်စစ်များရှိသကဲ့သို့ သကြားများကို ကျိုချက်ခြင်းမှ ရရှိသည့်ကြံသကာများလည်းရှိကြောင်း၊   ကြံရည်ကို ကျိုချက်ခြင်းမှ ရရှိသည့် ကြံသကာများသည် ကြံအသစ်နံ့မွှေးနေကာ အရောင်းအဆင်း မှာလည်း စိမ်းစိမ်းလေးဖြစ်ပြီး မြင်ရရုံဖြင့် စားချင်စဖွယ်ဖြစ်နေကြောင်း၊ မြန်မာတို့သည် ထမင်းစားပြီး လျှင်သော်လည်းကောင်း၊ သရေစာအဖြစ်သော်လည်းကောင်း အချိုများစားလေ့ရှိကြသဖြင့် ကြံသကာ သည် မြန်မာ့ရိုးရာစားဖွယ် တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။

          မြင်းခြံမြို့၊ အေးမြသီတာဈေးအတွင်း ရောင်းချလျက်ရှိသည့် ကြံသကာများကို မန္တလေးမြို့မှ မှာယူရောင်းချခြင်းဖြစ်ပါကြောင်း၊ မြင်းခြံမြို့တွင် ကြံသကာပွဲရုံဟူ၍ မရှိသဖြင့် တစ်နိုင်တပိုင်မှာယူ ရောင်းချရပါကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ်လျက် ရှိကြောင်း၊ ကုန်ပစ္စည်းမှာယူရာတွင် အခက်အခဲမရှိ လိုသလောက်မှာယူရရှိကြောင်းနှင့် ကြံသကာ ထွက်ပေါ်ချိန်ဖြစ်သဖြင့် ရာသီစာအနေဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကြံသကာရောင်းချသူ ဈေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)