Main menu

မြင်းခြံမြို့ရှိ ဈေးများအတွင်း ရောင်းချလျက်ရှိသည့် မုန့်ဩဇာ(ခေါ်)ကုလားပဲချောင်းဈေးကွက်

Powered by Drupal

          မြင်းခြံမြို့နယ်၊ ကူရွာကျေးရွာနှင့် ကွမ်းစိုက်ကျေးရွာများမှ ထန်းတောင်သူများအနေဖြင့် ထန်းလျက်ချက်လုပ်ခြင်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသကဲ့သို့ ကုလားပဲနှင့်ထန်းလျက်ပေါင်းစပ်ကာ မုန့်ဩဇာ(ခေါ်)ကုလားပဲချောင်းများကိုပါ ထုတ်လုပ်လျက်ရှိကြောင်း၊ မု့န်ဩဇာကို အချောင်းပုံစံဖြင့် လည်းကောင်း၊ မုန့်ဩဇာလုံးအဖြစ်လည်းကောင်း ထုတ်လုပ်လျက်ရှိကြောင်း၊ မုန့်ဩဇာထုတ်လုပ်ခြင်း ကို မိသားစုမိရိုးဖလာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

          မြင်းခြံမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသော မုန့်ဩဇာချောင်းများကို တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မုန့်ဩဇာလုံးများကို တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ မု့န်ဩဇာသည် မြန်မာ့ရိုးရာစားစရာတစ်မျိုးဖြစ်ပြီး ဓာတုဆေးလုံးဝကင်းစင် သည့် လူကြီး၊ကလေးကြိုက်နှစ်သက်သော သရေစာဖြစ်သဖြင့် ဒေသတွင်းစားသုံးမှုများပြားပါကြောင်း၊  အညာဒေသဖြစ်သည့် မြင်းခြံဒေသထွက်စစ်စစ်ဖြစ်သဖြင့် နယ်ဝေးမြို့ကြီး၊မြို့ငယ်များသို့ (၂၅)ကျပ်သား အထုပ်၊ (၅၀)ကျပ်သားအထုပ်၊ တစ်ပိဿာအထုပ်များထုပ်ပိုးကာ ဒေသထွက်အညာလက်ဆောင်အဖြစ် ဝယ်ယူတင်ပို့ခြင်းများလည်းရှိသဖြင့်  အရောင်းအဝယ်သွက်လျက်ရှိကြောင်း မုန့်ဩဇာရောင်းချသည့် ဈေးသည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)