Main menu

မြင်းခြံမြို့ရှိ သင်္ဘောသီးဈေးကွက်နှင့် စိုက်ပျိုးမှုအခြေအနေ

Powered by Drupal

သင်္ဘောသီးကို နိုင်ငံအများအပြားတွင် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင်လည်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသများတွင် အများအပြား စိုက်ပျိုးလေ့ရှိကြကြောင်းနှင့် သင်္ဘောပင်သည် အပူပိုင်းနှင့် သမပိုင်းရာသီဥတုရှိသော ဒေသများတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ သင်္ဘောပင်ကို မိုးရာသီစိုက်ပျိုးချိန်ကာလများဖြစ်သော ဇွန်/ဇူလိုင်မှစ၍ စက်တင်ဘာ/အောက်တိုဘာလများအတွင်း စိုက်ပျိုးလေ့ရှိကြပြီး စိုက်ပျိုးသည့်မျိုးအပေါ်မူတည်၍ ၆လ မှ ၈လအတွင်း အသီးများစတင်သီးလာပြီး တစ်နှစ်ခန့်အကြာတွင် ရောင်းတန်းဝင်အသီးများ အပြည့်အဝဆွတ်ခူးနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

မြင်းခြံဈေးကွက်တွင် ဒေသတွင်းမှ စိုက်ပျိုးမှု နည်းပါးပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါး ဒေသမှ ထွက်ရှိသော သင်္ဘောသီးများ တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သင်္ဘောသီးအလုံးသေးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ အလုံးလတ်တစ်လုံးလျှင် ၂၀၀၀ ကျပ်နှင့် အလုံးကြီး တစ်လုံးလျှင် ၂၅၀၀ ကျပ်ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းနှင့် သင်္ဘောသီးအလုံး အကြီး၊အသေး အပေါ်မူတည်၍ ဈေးနှုန်း ကွာခြားမှုရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)