Main menu

ညောင်တုန်းစားအုန်းဆီ လက်ကားအရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်   ဝန်ထမ်းများသည် မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စစစ အဖွဲ့တို့နှင့် မြို့မဈေးအတွင်း စားအုန်းဆီလက်ကား အရောင်းဆိုင်(၁၂)ဆိုင်သို့ သွားရောက်၍ (၄.၃.၂၀၂၅) ရက်နေ့ တွင်  စားအုန်းဆီရောင်းချသည့် လက်ကားဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီရောင်းချသော လက်ကားအရောင်းဆိုင်များအနေဖြင့် ဗီနိုင်ချိတ်ဆွဲ ရည်ညွှန်းဈေးနှုန်း မှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိ ၊ စားအုန်းဆီလိုအပ်ချက်အပေါ် ဗူးသွပ်ဆီများ၊ ရောနှောဆီများ ရောင်းချခြင်းမှုရှိပါက သတ်မှတ်ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းရှိ/ မရှိကိုလည်းကောင်း၊ ဆီရောင်းချပိဿာကို ကြည်ရှုစစ်ဆေးခြင်း၊ ဆီစာအုပ်ဖြင့် နေ့စဉ်ရောင်းချမှုစာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး စားအုန်းဆီ လက်ကားအရောင်းဆိုင် (၁၂)ဆိုင်မှ ဆိုင်ရှင်များကို ရည်ညွှန်းဈေးကိုမှန်ကန်စွာ ဈေးတင်ရောင်းချရန်၊ ဗီနိုင်းကို မြင်သာသောနေရာတွင် ချိတ်ဆွဲထားရန်တို့ကို စစ်ဆေး၍ လိုအပ်သည်များမှာကြားကာ လိုက်နာမှုမရှိသော ဆိုင်ရှင်များကို နောက်တစ်ကြိမ်စစ်ဆေးတွေ့ရှိပါက စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားအုန်းဆီ လက်ကားဖြန့်ဖြူးသည့် ဆိုင်(၁၂)ဆိုင်အား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)