Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် ဆီလုပ်ငန်းရှင်အသင်းဥက္ကဌ ဦးဝေဖြိုးနိုင်နှင့် ပူးပေါင်း၍ (၂.၃.၂၀၂၅) ရက်နေ့ နံနက် (၇:၀၀) အချိန်တွင် Myat Ay Kan Co..,Ltd နှင့် Thandar Treading Co..,Ltd မှ အိမ်မဲမြို့နယ် ဆီကိုယ်စားလှယ်များထံသို့ ပေးပို့သောစားအုန်းဆီများကို ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္ပဏီ၏ (ယာဉ်အမှတ် 4G-6049) မော်တော်ယာဉ်ဖြင့် စားအုန်းဆီစုစုပေါင်း (၂၇)ပေပါ အိမ်မဲမြို့သို့  ရောက်ရှိလာမှုကို သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့သွားရောက်စစ်ဆေးရာတွင် အဆိုပါစားအုန်းဆီများကို အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီး ဌာနမြို့နယ်တာဝန်ခံက ရောက်ရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက္ကားဆိုင်များမှ စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုံးဆီခွဲတမ်းရရှိသော ဆီကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)