Main menu

ပြည်ကြက်သွန်နီဈေးကွက် အဝင်များ၍ဈေးကျ

Powered by Drupal

            ပြည်ဈေးကွက်၏ ကြက်သွန်နီဈေးကွက်အနေဖြင့် အရောင်းအဝယ်ကောင်းလျက်ရှိနေပြီး ယခုမတ်လအတွင်း တောင်တွင်း၊ အောင်လံ၊ သရက်စသည့် နယ်ဘက်မှ ကြက်သွန်နီများ ပိုမိုအဝင်စိမ်လာကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ (၂၈)ပိဿာဆံ့အိတ်(၅၀၀)ခန့် ပိဿာချိန် အားဖြင့် (၁၄၀၀၀)ပိဿာ နေ့စဉ်ပုံမှန် အဝင်ရှိနေပြီး အရောင်းအဝယ်အားဖြင့် ပုံမှန်ဒေသတွင်း ဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများအပြင် ရန်ကုန်တိုင်းနှင့် သာယာဝတီခရိုင်၊ မင်းလှမြို့ နယ်ဘက်ခြမ်းမှ အဝယ်များပြီး ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်ဘက်ခြမ်းတွင် အရောင်းအဝယ် အနည်းငယ်လျော့နည်းသွားကြောင်း သိရသည်။ ဈေးနှုန်းအားဖြင့် အဝင်များသည့်အတွက် ယခုဖေဖော်ဝါရီလအတွင်း ယခင် ဇန်နဝါရီလနှင့် နှိုင်းယှဉ်လျှင် ပျမ်းမျှ တစ်ပိဿာလျှင် (၄၀၀-၅၀၀)ကျပ်နှုန်းခန့် ကျဆင်းသွားပြီး လက်ရှိတွင် ပွဲရုံလက္ကားဈေး တစ်ပိဿာလျှင် ကြီး/ လတ်/ သေး ကျပ်(၃၂၀၀/၃၀၀၀-၂၈၀၀/၂၆၀၀-၂၄၀၀)နှုန်းများနှင့် မြို့ပေါ်လက်လီဈေးများတွင် ကျပ်(၄၀၀၀/ ၃၈၀၀-၃၅၀၀/၃၀၀၀-၃၂၀၀)နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)