Main menu

ပြည်မိုးစပါးဈေးကျဆင်း

Powered by Drupal

           ပြည်ခရိုင်၊ ပြည်မြို့၏ ယခုတပတ် မိုးစပါးဈေးနှုန်းမှာ ဈေးနှုန်းကျဆင်းလာပါသည်။ ပြည်ပသို့ ဆန်တင်ပို့မှုနည်းသောကြောင့်ဟု သိရှိရ၍ ယခင်အပတ်၌ မှော်ဘီစပါးမှာ တစ်တင်းလျှင် (၂၀၀၀၀-၂၁၀၀၀)ကျပ်ဖြစ်၍ ယခုအပတ်တွင် တစ်တင်းလျှင် (၁၉၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုအပတ်တွင် ဧည့်မထ အုပ်စုဝင်စပါးဈေးနှုန်းများမှာ ငွေတိုး တစ်တင်းလျှင် (၁၇၅၀၀)ကျပ်၊ နှံကောက် တစ်တင်းလျှင် (၁၉၀၀၀)ကျပ်၊ ကရင်မ တစ်တင်းလျှင် (၁၈၅၀၀)ကျပ်၊ ဆင်းသုခ တစ်တင်းလျှင် (၁၈၅၀၀)ကျပ်၊ ရတနာတိုး တစ်တင်းလျှင် (၁၈၅၀၀)ကျပ်၊ မှော်ဘီ တစ်တင်းလျှင် (၁၉၀၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်၍ ဗီယမ်နမ်စပါးနှင့် GW 11 စပါးဈေး မှာ တစ်တင်းလျှင် (၁၈၀၀၀-၁၈၅၀၀)ကျပ်ဈေးဖြစ်ကြောင်း သိရှိရပါသည်။ ဆန်ဈေးနှုန်းမှာ တည်ငြိမ်၍ မှော်ဘီဆန်(၂၄)ပြည် တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ ဗီယမ်နမ်ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်တို့ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)