
ပြည်ပဲဈေးကွက်အတွင်း ဆောင်းပဲသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ပဲနီပြားသီးနှံသစ်များလည်းဝင်းရောက်လာပြီဖြစ်ပါသည်။ ပဲစတင်ပေါ်စအချိန်ဖြစ်သည့်အတွက် တစ်ရက် အိတ် (၂၀/၃၀) ကျော်ဝင်ရောက်မှုရှိပြီး လက်လီသမားများသာ ဝယ်ယူမှုရှိကြပါသည်။ ပဲအထွက်လှိုင်ချိန် ပဲဝင်ရောက်မှုများချိန်တွင် လက်လီ၊ လက်ကားအဝယ်ရှိကြပြီး လှောင်သမားများလည်း ဝယ်ယူသည် ဟုသိရပါသည်။ ပဲနီပြားသီးနှံဈေးမှာ တစ်တင်းလျှင် (၁၅၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် နေသည့်အတွက် ပဲဈေးကွက်အတွင်း ဈေးကောင်းရနေသည့် သီးနှံဖြစ်ခဲ့ပါသည်။ ပဲနီပြားသီးနှံသည် ယခင် ၂၀၂၄ခုနှစ် အတွင်းတွင်လည်း ပဲဈေးကွက်မှာ ပြည်ပဝယ်လိုအားများသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများထက် ဈေးတက်နေခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါပဲများထက် ဈေးဆက်လက်တက်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)