Main menu

ပြည်မြို့အတွင်းရှိဖရဲသီးဈေးနှုန်းဈေးကွက်

Powered by Drupal

          မြန်မာနိုင်ငံတွင် ဖရဲသီးများကို နေရာမရွေး၊ ဒေသမရွေး စိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင် ဖရဲသီးကို အဓိကစိုက်ပျိုးသောတိုင်းများမှာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့်ဒေသများတွင် စိုက်ပျိုးကြပါသည်။ ဖရဲသီးသည် ယခင်ကနွေအခါမှသာပေါ်သော ရာသီစာဖြစ်သော်လည်း ယခုအခါတွင် နွေမိုးဆောင်း (၃)ရာသီတွင်စိုက်ပျိုးကြပါသည်။ ဖရဲသီးများကို ဝယ်ယူရာတွင်အလုံးအကြီး၊ အလတ်၊ အသေးခွဲ၍ ဝယ်ယူရခြင်းများရှိပါသည်။ ပြည်မြို့ရှိဈေးများသို့ ပြည်မြို့အနီးတဝိုက်ကျေးရွာများနှင့် ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်မြို့ရှိကျေးရွာများမှ လာရောက်ရောင်းချကြပြီး ဈေးနှုန်းများအနေဖြင့် ဖေဖော်ဝါရီ စတုတ္ထပတ်တွင် ဖရဲသီးအလုံး အကြီးအသေး အရွယ်အစားအလိုက် အလုံးအသေး တစ်လုံးလျှင် (၃၅၀၀)ကျပ်၊ အလုံးကြီး တစ်လုံးလျှင် (၆၅၀၀-၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်းသိရပါသည်။

DOCA(ပဲခူး)