Main menu

ပြည်စားတော်ပဲ ပဲဈေးကွက်မှာ ဈေးအမြင့်ဆုံးရနေ

Powered by Drupal

          ပြည်ပဲဈေးကွက်အတွင်းပဲမျိုးစုံ လက်လီ လက်ကားရောင်းဝယ်မှုဖြစ်လျှက်ရှိရာ စားတော်ပဲ သီးနှံအနေဖြင့် လက်ကားသမားထက် လက်လီဝယ်ယူမှုပိုများသော ပဲသီးနှံဖြစ်ပါသည်။ တစ်ရက် လျှင် အိတ် ၂၀ /၃၀ ကျော် ဒေသတွင်း လက်လီသမားများ ပုံမှန်ဝယ်ယူမှုရှိကြပြီး မင်းတုန်း စားတော်ပဲ အမျိုးအစားမှာ တစ်တင်း ၁၆၅၀၀ ကျပ်နှင့် ကျွန်းစားတော်ပဲအမျိုးအစားမှာ တစ်တင်း ၁၆၀၀၀ ကျပ်တို့ဖြင့် အမျိုးအစားလိုက်၍ ဈေးကွာခြားရောင်းဝယ်မှုရှိကြပါသည်။ စားတော်ပဲ သီးနှံမှာ ပဲဈေးကွက်အတွင်းနှစ်စဉ်လိုလိုဈေးကောင်းရနေသည့်ပဲဖြစ်တာကြောင့် ယခုနှစ်မှာ အခြားပဲအချို့ ဈေးအေးနေသော်လည်း စားတော်ပဲသီးနှံကတော့ ဈေးအမြင့်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)