Main menu

ပြည်ခရိုင်၏ နှမ်းသီးနှံဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှမ်းစိုက်ဧက (၆၆၉၄၀)ဧက တွင် (၆၄၁၃၃)ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၇.၁၀)တင်းထွက်ရှိပြီး  ဆောင်းနှမ်းစိုက်ဧကမှာ (၁၁၂၆၄)ဧက စိုက်ပျိုးထားကြောင်း သိရပါသည်။ ယခင်နှစ်ဖြစ်သော ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးဧက (၆၆၃၇၁)စိုက်ပျိုးပြီး (၆၆၃၇၁) ဧကရိတ်သိမ်း နိုင်ခဲ့သည်ဟု ကြေးတိုင်နှင့် မြေစာရင်းဌာနမှ သိရှိရပါသည်။ ထို့ကြောင့် မိုးနှမ်းစိုက်ဧကမှာ ယခုနှစ်တွင် စိုက်ပျိုးဧက များလာကြောင်း သိရှိရပါသည်။ နှမ်းဈေးနှုန်းများ အနေဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ပေါ်ခဲ့သော နှမ်းသီးနှံဈေးနှုန်းများမှာ နှမ်းနီ တစ်တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၇၃၀၀၀ကျပ် နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၂၁၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပါသည်။ ယခု ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၇၃၀၀၀ကျပ် နှင့် စမုံနက်နှမ်းတစ်တင်းလျှင် ၂၀၀၀၀၀ကျပ်ဖြင့် ယခင်လအတိုင်း ဈေးငြိမ်နေပြီး စမုံနက်နှမ်းတစ်မျိုးသာ ဈေးအနည်းငယ်ကျလာခဲ့ပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ယခုအချိန်သည် နွေနှမ်းစတင်စိုက်ပျိုးရန် ပျိုးထောင်နေချိန်ဖြစ်၍ နှမ်းဝင်ရောက်မှုမှာ နည်းသွားပြီး ပွဲရုံလက်ကျန်များဖြင့်သာ ရက်ခြားအရောင်းအဝယ်ဖြစ်ပြီး တစ်ခါတစ်ရံ အရောင်းအဝယ်ဖြစ်လျှင်  အိတ် ၃၀ လောက်သာအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ပြည်ခရိုင်အတွင်း စိုက်ပျိုးထွက်ရှိသော နှမ်းများကို ဒေသတွင်းပွဲရုံများနှင့် ဆီစက်များ သို့ရောင်းချသလို အခြားတိုင်းဖြစ်သော မကွေးတိုင်းနှင့် မန္တလေးတိုင်းသို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။

          ထို့ကြောင့် ပြည်ခရိုင်အနေဖြင့် နှမ်းဈေးနှုန်းများကို ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ် နှစ်စတွင် တွင် ဈေးမြင့်လျှက်ရှိသဖြင့် နှမ်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်ဧက ထုတ်လုပ်မှုသည် သီးနှံအရည်အသွေးမြင့်မား တိုးတက်အောင် ဆောင်ရွက်နိုင်လျင်ရောင်းချသည့်အခါ မိမိသီးနှံအရည်အသွေးပေါ်မူတည်၍ ဝင်ငွေတိုးလာပြီး အမြတ်အစွန်းများရရှိလာနိုင်မှာဖြစ်ပြီး မိမိတို့၏ လယ်ယာစီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။