စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၃)ဦးသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၈)ရက် နေ့နှင့်(၉)ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့နယ်၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဆင့်ပွားသင်တန်း ၁/၂၀၂၂ တွင် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ သင်တန်းသားများနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း (၃၁)ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမိုးညွန့်ဦးက စားသုံးသူ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူများ၏ တာဝန်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတတ်စေရန် လိုအပ်ပါကြောင်း၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များနှင့် မိမိတို့နေ့စဉ်ဝယ်ယူ သုံးစွဲသည့် ကုန်ပစ္စည်းများအပေါ် ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိရေးကို လည်းကောင်း၊ TV များတွင် ကလေးများ အတုယူမမှားသင့်သော အလွန်အကြူး ချဲ့ကားကြော်ငြာနေသော ကြော်ငြာများနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသော သင်တန်းသားများက သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြား၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)