
ပဒက်စာ နှင့် စရစ်ရိုးများသည် တောတောင်များ၌ သဘာဝအလျောက်ပေါက်ရောက်ရာ နွေရာသီ အစပိုင်းတွင် စတင်ပေါ်လေ့ရှိသည်။
ပဒက်စာ နှင့် စရစ်ရိုးကို ချဉ်ပေါင်ရွက်၊ မန်ကျဉ်းရွက်၊ ကင်ပွန်းချဉ်ရွက်နှင့်တွဲဖက်၍ အချဉ်ဟင်း ဖြင့်သော်လည်းကောင်း၊ အခြားအသား ၊ ငါးများနှင့် ရောနှော၍သော်လည်းကောင်း၊ တို့စရာအနေဖြင့် သော်လည်းကောင်း ကြိုက်နှစ်သက်ရာစားသုံးကြကြောင်းသိရသည်။
ပဒက်စာ(၃)ပွင့်ပါ တစ်စည်းလျှင် ၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ စရစ်ရိုး အကြီး(၁၀)ရိုးပါ တစ်စည်းလျှင် ၅၀၀ ကျပ်၊ အသေး(၁၀)ရိုးပါ တစ်စည်းလျှင် ၃၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ရာသီစာ မီးဖိုချောင်သုံးသီးနှံဖြစ်ပြီး ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် အရောင်းသွက်ကြောင်း စျေးသည်များထံမှ သိရှိရပါသည်။
DOCA(ပဲခူး)