Main menu

ပခုက္ကူဈေးကွက်၌ မြေပဲဈေးအနည်းကျဆင်း၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထားစိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံမြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှထွက်ရှိသော မြေပဲအသစ်များ ဝင်ရောက်ကြောင်း၊ ဈေးကွက်သို့ဝင်ရောက်လာသည့် မြေပဲဆံနှင့်မြေပဲအတောင့်များ ဝယ်လိုအား ကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့်နှင့် အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက် ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း အဝယ်လိုက်ပြီး မြေပဲတောင့်/အဆံ အရည်အသွေးနှင့် ဝယ်လိုအား ပေါ် မူတည်၍ ဈေး အနိမ့်၊ အမြင့် ရှိကြောင်း သိရှိရသည်။ ပြည်တွင်း စားသုံးဆီ ဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့် သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်း ဆီဆုံ/ ဆီစက်များ တွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆံဝယ်လိုအား ကောင်းပြီး ဈေးကွက် သိသိသာသာ ကျဆင်း ခြင်းမရှိ အရောင်းအဝယ်သွက်လျက်ရှိပြီး ပဲဖတ်ဈေးမှာလည်း ပြည်တွင်းမွေးမြူရေးအစားအစာ ဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှုအနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီ ထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန် နှမ်းဖတ်ချဉ်အဖြစ် ထုတ်လုပ်ရောင်းချရမှာလည်း စားသုံးသူဈေးကွက်ကောင်းမွန်ခြင်းကြောင့် ပဲဖတ်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်ခြင်းအပြင် ပြည်တွင်းဆီစက် လုပ်ငန်းရှင်များမှလည်း မြေပဲဆုံ ပဲဖတ်များကို ပြန်လည်ကြိတ်ပြီး ဆီထုတ်လုပ်ခြင်းအတွက် ပြန်လည်ဝယ်ယူမှုများ၍ ပဲဖတ်ဈေးကွက်မှာလည်း အရောင်းအဝယ်သွက်ပြီး ဈေးတန်းအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ မတ်လ (ပထမပတ်)တွင် ပခုက္ကူပွဲရုံဈေးကွက်၌ ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်း များမှာ မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၅၀၀ - ၅၄၀၀ - ၃၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၉၂၀၀-၉၁၅၀-၉၀၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၉၁၅၀-၉၀၀၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ်(၈၆၀၀-၇၀၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၅၆၀၀-၅၅၀၀-၅၃၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး  ယခင်ဖေဖော်ဝါရီလ(ပထမပတ်)တွင် သီးနှံအရည်အသွေးလိုက်၍ မြေပဲ အတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၆၀၀၀ - ၅၈၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ် (၉၄၀၀-၉၃၅၀-၉၁၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၉၄၀၀-၉၃၅၀)၊ ဆီဆံတစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၅၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် ကျပ်(၆၁၀၀-၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း မြေပဲတောင့်(အခြောက်)တစ်ပိဿာ ကျပ်(၅၀၀)၊ မြေပဲဆံ တစ်ပိဿာ ကျပ်(၂၀၀)၊ ပဲဖတ်တစ်ပိဿာ ကျပ်(၅၀၀)ခန့် ဈေးအနည်းငယ်လျော့နည်းပြီး အရောင်း အဝယ် ဖြစ်ကြောင်း၊ ပခုက္ကူမြေပဲဈေးကွက်သို့ ဆောင်းမြေပဲ (အသစ်)များ ပခုက္ကူ၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ယောနယ်(ထီးလင်း၊ ဂန့်ဂေါ) ဒေသများမှ ဝင်ရောက်လျက်ရှိပြီး ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် မန္တလေး ဈေးကွက်သို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိ၍ မြေပဲဈေးနှုန်း သိသိ သာသာကျဆင်းခြင်းမရှိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)