
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ဖေဖော်ဝါရီလမှစတင်၍ ဆည်မြောင်းဦးစီးဌာနမှ ဆည်ရေများပေးဝေလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စိုင်နိုင်ကြီးကျေးရွာရှိ တောင်သူများမှာ နှမ်းနက်၊ နှမ်းညိုနှင့် ပဲတီစိမ်းများကို စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရပါသည်။
စိုင်နိုင်ကြီးကျေးရွာရှိ တောင်သူများသည် နွေသီးနှံဖြစ်သည့် နှမ်း၊ ပဲတီစိမ်းများစိုက်ပျိုးပြီး မိုးသီးနှံဖြစ်သည့် စပါးစိုက်ပျိုးခြင်းများ ပြုလုပ်ကြပါသည်။ စိုင်နိုင်ကြီးကျေးရွာရှိ တောင်သူများမှာ မိရိုးဖလာလုပ်ငန်းဖြစ်သည့် လယ်ယာစိုက်ပျိုးခြင်းကို လုပ်ကိုင်ကြသော်လည်း အချို့သောတောင်သူများမှာ မိုးလေဝသရာသီဉတုအခြေအနေနှင့် ကုန်ကျစရိတ်များကြောင့် လယ်ယာမြေကို ကိုယ်တိုင်မလုပ်ကြဘဲ လယ်ကိုအစုချခြင်း၊ နွေသီးနှံကိုမစိုက်ပျိုးဘဲ မိုးသီးနှံစိုက်ပျိုးခြင်းများ ပြုလုပ်ကြကြောင်း၊ နွေသီးနှံမစိုက်ပျိုးသည့် တောင်သူများမှ လယ်ယာမြေကိုအငှားချကြောင်း၊ တစ်ဧက လျှင် (၂)သိန်းကျပ်နှုန်းဖြင့် ဌားရမ်းကြောင်း၊ လယ်အစုချရာတွင် လယ်အဌားလုပ်သည့် တောင်သူမှ လယ်အစုချသည့် တောင်သူအား လယ်မြေ (၁)ဧကကို လုပ်ကိုင်ရာတွင် တစ်နှစ်ပတ်လုံးဖြစ်သည့် နွေသီးနှံနှင့် မိုးသီးနှံ (၂) သီးစားကို စပါးတင်း (၂၅)တင်း နှုန်းပေးရကြောင်း သိရှိရပါသည်။
နှမ်းနက်မျိုးဈေးနှုန်းမှာ(၁)ပြည်လျှင် (၁၇၅၀ဝိ/-)ကျပ်နှင့် (၁)တင်းဈေးနှုန်းမှာ (၂၈၀၀၀ဝိ/- ) ကျပ်၊ နှမ်းညိုမျိုးဈေးနှုန်းမှာ (၁)ပြည်လျှင် (၁၄၀၀ဝိ/-)ကျပ်နှုန်းနှင့် (၁)တင်းလျှင် (၂၂၄၀၀ဝိ/-) ကျပ်နှုန်း၊ ပဲတီစိမ်းမျိုးဈေးနှုန်းမှာ (၁)ပြည်လျှင် (၁၀၀၀ဝိ/-)ကျပ်နှုန်းနှင့် (၁)တင်း လျှင် (၁၆၀၀၀ဝိ/- ) ကျပ်နှုန်းဖြင့် ဝယ်ယူရကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)