
အညာဒေသမှာ ထွက်ရှိသည့် မုန့်လက်ဆောင်းသည် လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်သည့် အစားအစာတစ်မျိုးဖြစ်သည်။ မုန့်လက်ဆောင်းကို ဆောင်းရာသီကုန်ပြီး နွေရာသီကာလသို့ရောက်ရှိသည့်အချိန်မှစ၍ မုန့်လက်ဆောင်းကို ဆိုင်ခန်းများဖြင့်သော်လည်းကောင်း၊ အထမ်းများဖြင့်သော်လည်းကောင်း၊ ခေါင်းရွက်ဗျက်ထိုးဈေးသည်များဖြင့်လည်းကောင်း ရောင်းချချပါသည်။
မုန့်လက်ဆောင်းရောင်းချရာတွင် ပါဝင်ပစ္စည်းများမှာ မုန့်လက်ဆောင်းဖက်၊ ကောက်ညှင်း၊ ထန်းလျက်ရေ၊ အုန်းသီး၊ နွားနို့၊ နံ့သာဖူးရည်၊ နှမ်းလှော်တို့ပါဝင်ပါသည်။ ထန်းလျက်ရည်ကို ရေအိုးထဲတွင်ထည့်၍ ရောင်းချသည်ဖြစ်၍ မုန့်လက်ဆောင်း၏အရသာမှာ အေး၍ ချိုဆိမ့်မွှေးသော အရသာရှိပါသည်။ အချို့မှာ ထန်းလျက်ရေထဲကို ရေခဲထည့်၍ ရောင်းချချကြောင်း၊ မုန့်လက်ဆောင်းတွင် နမ်းကထီးနှင့် မုန့်လက်ဆောင်းဟူ၍ (၂)မျိုးရှိကြောင်း၊ နမ်းကထီးဟုခေါ်ဆိုသည်မှာ ကောက်ညှင်း၊ မုန့်လက်ဆောင်းဖက်၊ ထန်းလျက်ရေ၊ နွားနို့၊ နံ့သာဖူးရည်၊ နှမ်းလှော်တို့ထည့်၍ စားသုံးရပြီး မုန့်လက်ဆောင်းတွင် ကောက်ညှင်းမထည့်သည်ကို ခေါ်ဆိုကြောင်း၊ နံ့သာဖူးရည်၏ အရသာမှာ မွှေးလွန်း၍ အချို့မှာ နံ့သာဖူးရည်ကိုထည့်၍ မစားသုံးကြပါ။ မုန့်လက်ဆောင်းဈေးနှုန်းမှာ ဆိုင်တွင်ထိုင်၍သောက်လျှင် မုန့်လက်ဆောင်း(၁)ခွက် (၆၀ဝိ/-)ကျပ်၊ ပါဆယ်ဝယ်လျှင် (၈၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)