Main menu

မုံရွာခရိုင်၏ (၂/၂၀၂၅) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

             မုံရွာခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)တို့သည် (၁၁.၂.၂၀၂၅) ရက်နေ့တွင် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်ရှိ “Shwe Let Twel Online Sale” လုပ်ငန်းရှင်၊ (၂၅.၂.၂၀၅) ရက်နေ့တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “အောင်ချမ်းငြိမ်း” မုန့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)