
မက္ကဒေးမီးယားထုတ်လုပ်မှုသည် လွန်ခဲ့သည့်(၁၀)စုနှစ်အတွင်း (၄၉)ရာခိုင်နှုန်းတိုးတက်လာပြီး ၂၀၁၈ ခုနှစ်တွင် (၅၇၀၀၀) မက်ထရစ်တန်(အဆံ့) ထုတ်လုပ်လာခဲ့သည်။ ဩစတြေးလျနှင့် တောင်အာဖရိကနိုင်ငံတို့၏ ထုတ်လုပ်မှုသည် ကမ္ဘာ့စုစုပေါင်းထုတ်လုပ်မှု၏ (၅၀)ရာခိုင်နှုန်းခန့်ဖြင့် အကြီးဆုံးထုတ်လုပ်သူများအဖြစ် ရပ်တည်လျက်ရှိကြသည်။ ထိုနိုင်ငံများနောက်တွင် ကင်ညာ၊ တရုတ်၊ အမေရိကန်၊ ဂွာတီမာလာ၊ ဘရာဇီး၊ မာလာဝီ၊ ဗီယက်နမ်၊ ကိုလံဘီယာ၊ နယူးဇီလန်နှင့် ဆွီဇီလန်စသည် နိုင်ငံတို့အသီးသီတွင် ထုတ်လုပ်ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)