
စားသုံးသူရေးရာဦးစီးဌာနမှ ဖျာပုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်မျိုးစုံဆိုင်နှင့် ကုန်စိမ်းအရောင်းဆိုင်များတွင် CP ကုမ္ပဏီမှ ရောင်းချလျက်ရှိသော အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်း တင်သွင်းရောင်းချမှုရှိ/ မရှိ ကွင်းဆင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော cp ကုမ္ပဏီမှ ရောင်းချလျက်ရှိသော အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းချမှု မရှိပဲ “ရေတာရှည်” အမှတ်တံဆိပ် ကြက်အူချောင်း၊ ဝက်အူချောင်း။ “Top Star” အမှတ်တံဆိပ် ကြက်အူချောင်း၊ “နွယ်နီ” အမှတ်တံဆိပ် ကြက်အူချောင်းတို့သာ ရောင်းချလျက်ရှိပြီး အဆိုပါ အမှတ်တံဆိပ်များတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာပါရှိ၍ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)