
စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ လုံခြုံစိတ်ချရမှုရှိစေရန်၊ ထုတ်ကုန်လုံခြုံစတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် ရည်ရွယ်ချက်၍ ၅.၃.၂၀၂၅ ရက်နေ့တွင် ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဓနုဖြူမြို့ နယ် (၅)ရပ်ကွက်အတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချနေသောစတိုးဆိုင်(၅)ဆိုင်သို့သွားရောက်၍ အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ သနပ်ခါး၊ အသားလိမ်းဆီ၊ မျက်နှာလိမ်းခရင်(မ်) နှင့် မျက်နှာသစ်ဆပ်ပြာကဲ့သို့သော အလှကုန်များကိုစစ်ဆေးခဲ့ရာ ထိုအလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါ/ မပါတို့ကို စစ်ဆေးပြီးစစ်ဆေးခဲ့သော ကုန်စည်များသည် တရားဝင်အသိအမှတ်ပြု ဆာတီဖီကိတ်ခွင့်ပြုချက်များပါဝင်ကြောင်း တွေ့ရပါသည်။ ဆိုင်ရှင်များက ၎င်းတို့ရောင်းချသော ကုန်စည်များသည် ယခုအခါ တွင်ဝယ်ယူသူဝယ်ယူအသုံးပြုသူတို့အတွက် ရွေးချယ်ဝယ်ယူကြရာတွင် ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်/ အသိအမှတ်ပြု ပါသော ကုန်စည်များကိုသာကြည်ရှု့ပြီး ဝယ်ယူခြင်းများရှိသောကြောင့် တရားဝင်ထုတ်ကုန်လူသုံးများသောကုန်စည် ရွှေပြည်နန်း၊ Nivea၊ bella, ကဲ့သို့သော အမှတ်တံဆိပ်ပါ ကုန်စည်များမှာ ပို၍ရောင်းရကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)