Main menu

မအူပင်မြို့ ချောင်းကလေးကျေးရွာတွင် စိုက်ပျိုးသော ဖီးကြမ်းငှက်ပျောသီး ထွက်ရှိ၍ အရောင်းအဝယ်ဖြစ်

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်တွင် ငှက်ပျောစိုက်ဧက ၃၇၅၀ ဧက စိုက်ပျိုးကြပြီး နှစ်စဉ်စိုက်ပျိုး၍ မြို့နယ်တွင်းနှင့် ရန်ကုန်သို့ ငှက်ပျောထွက်ရှိချိန် တင်ပို့ရောင်းချကြောင်း သိရသည်။ ဖီကြမ်း ငှက်ပျောစိမ်းကို အဓိကစိုက်ပျိုးသည်။

            ငှက်ပျောမျိုးကို ၂၀၂၁ခုနှစ်က မျိုး တစ်ပင် ၅၀၀ ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးခဲ့ပြီး ၁ဧက ဝက်တွင် အပင်ရေ ၅၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။ မြေက မြေသားထူထူ၊ ရေစီးဆင်းမှုကောင်းရမည်။  ငှက်ပျောစိုက်ပျိုးရန် မြေပြုပြင်သည့်အခါ မစိုက်မီ (၂) လ ကြိုတင်ပြီး စိုက်ကျင်းပြုလုပ်မည့်နေရာပေါ် မြေဆွေးထည့်ထားရကြောင်း ငပျောစိုက်ပျိုးပြီး ၆လအကြာတွင် ငှက်ပျောအဖူး ထွက်ရှိလာပြီး နောက်ထပ် ၇လ အကြာတွင် အခိုင်ထွက်ရှိ၍ ဈေးကွက်ဝင်ရောင်းတန်းဝင်သည်။  ငှက်ပျော်စိုက်ပျိုးမှု ကုန်ကျစရိတ် ၁ဧက ဝက် အပေါ်တွင် ငွေကျပ် ၁၀၀၀၀၀၀ ကုန်ကျကြောင်း၊ ၁ဧက စိုက်ပျိုးပါက ကုန်ကျစရိတ် ငွေကျပ် ၂၀၀၀၀၀၀ ခန့်ကုန်ကျနိုင်ကြောင်းသိရသည်။ ယခုငှက်ပျော် စိုက်ပျိုးသက်တမ်းမှာ ၄နှစ် ရှိပြီဖြစ်ကြောင်း၊  ငှက်ပျောသည် နှစ် တစ်နှစ်တွင် အောက်တိုဘာလမှ မေလအထိ (၈)လအတွင်း ထွက်ရှိပြီး မိုးတွင်းကာလများတွင် အထွက်နည်းကြောင်း၊ ငှက်ပျောဖီးထွက်ရှိမှုအနေဖြင့် စိုက်ပျိုးဧကပေါ်တွင် အခိုင် ၃၅၀ ခန့် ထွက်ရှိသည်၊ ဖီးကြမ်း တစ်ခိုင်လျှင် ၆ဖီးမှ ၉ဖီး အထိ ထွက်ရှိ ကြောင်းသိရသည်။

             ၂၀၂၅ခုနှစ် မတ်လ ငှက်ပျော ဈေးနှုန်းအနေဖြင့် ငှက်ပျော တစ်ဖီးကို ငွေကျပ် ၂၀၀၀ဖြင့် လက်ကား ဖြန့်ဖြူးရောင်းချရပြီး ငှက်ပျောဖီး တစ်ခိုင်ကို ငွေကျပ် ပျမ်းမျှ ၁၅၀၀၀ နှုန်းရရှိသည်။ ငှက်ပျော ပေါ်ချိန်သည် စိုက်ပြီး ဆယ်လ၊ ဆယ့်တစ်လတွင် ပေါ်ပြီးထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောများအား အခွန်လွတ်စည်ပင်သာယာစျေးအတွင်းသို့ သွားရောက်ရောင်းချရကြောင်းနှင့် ကုန်သည် များကလည်း ငှက်ပျောခြံထိ လာရောက်ဝယ်ယူကြကြောင်း ရန်ကုန်သို့လည်း အဓိကထားတင်ပို့ကြောင်း ငှက်ပျောစိုက်တောင်သူထံမှ သိရသည်။ မိုးတွင်းကာလ ရောက်ရှိပါက အပင်ဟောင်းနှင့် ငှက်ပျောပင်အကြမ်းများကို ရှင်းလင်းပြီး ငှက်ပျောပင် တစ်ပင်စီသာ ချန်ထား၍ အပင်ပြန်လည်ပျိုးရသည်၊   စိုက်ပျိုးမှု  အကျိုးအမြတ်အနေဖြင့်  တစ်နှစ်အတွင်း ငွေကျပ် ၄၂၅၀၀၀၀ ခန့် အကျိုးအမြတ်ကျန်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရှိရပါသည်။

         

DOCA (ဧရာဝတီ)