Main menu

ရေတာရှည်မြို့ ဘဂဝါတိုင်းရင်းဆေးအား ကွင်းဆင်းလေ့လာ

Powered by Drupal

                ပဲခူးတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်၍ ခရိုင်ဦးစီးမှူး ရုံးမှ စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံနှင့် ရေတာရှည်မြို့နယ်တာဝန်ခံတို့ပါဝင်သောအဖွဲ့သည် ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းက ရေတာရှည်မြို့၊ အမှတ် ၂ ရပ်ကွက်၊ သုခလမ်းတွင်ရှိသော မဟာတိုင်းရင်းဆေးတိုက်မှ ထုတ်လုပ်သည့် “ဘဂဝါ” အမှတ်တံဆိပ် သဘာဝအားဖြည့်ဆေးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုအတွက် ကွင်းဆင်းလေ့လာခဲ့ရာ ထုတ်လုပ်သူက ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပါသည်။

                ၎င်းဆေးသည် နှလုံး၊ သွေးတိုး၊ ဆီးချို၊ အစာအိမ်၊ လေးဖက်နာ၊ လေငန်း၊ ကျောက်ကပ်ဖောရောင်သူများအတွက် သောက်သုံးရန် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ သဘာဝပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားပြီး ဘေးဥပါဒ်ဖြစ်စေသော ဓာတုဆေးဝါးများ “လုံးဝ”မပါဝင်ကြောင်း၊ တစ်လလျှင် အလေးချိန် ၃၀ ကျပ်သား ပါဝင်သော ဘူးပေါင်း ၁၅၀၀ ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ဆေးတစ်ဘူးကို ၅၅၀၀ ကျပ် ရောင်းချကြောင်း၊ ဒေသတွင်းတွင် ဖြန့်ဖြူးရောင်းချပြီး ရန်ကုန်၊ မန္တလေးမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း ထုတ်လုပ်သူ ဦးနေမျိုးလင်း၏ ရှင်းလင်းပြောကြားချက်အရ သိရှိရပါသည်။ 

               ခရိုင်ဦးစီးမှူးက ကုန်စည်များ၌  ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ကိုထုတ်ပြန်ခဲ့ပါကြောင်း၊ ၎င်းညွှန်ကြားချက်အရ တိုင်းရင်းဆေးများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အတိအကျ ဖော်ပြထားပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကော်မရှင်၏ ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)