Main menu

ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်ဖိုလုပ်ငန်းများသို့ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လည်ပတ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများအဖွဲ့သည်(၁၁.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော "စိုးဝင်းကျော်နှင့်ရွှေရည်ဝင်း ပဲကြော်ဖိုလုပ်ငန်းများသို့ မြေပြင်တွင် လုပ်ငန်းအမှန်တစ်ကယ် လည်ပတ်ခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ပဲကြော်လုပ်ငန်းရှင်များမှ ဈေးနှုန်းချိုသာသော စားအုန်းဆီ ခွဲတမ်းရရှိမှုကြောင့် လက်ရှိ အချိန်တွင် ပဲကြော်လုပ်ငန်း လုပ်ကိုင်ရသည်မှာ အဆင်ပြေကြောင်း၊ လုပ်ငန်းတွင်ကျယ်စွာ လုပ်ကိုင် ရသောကြောင့် စားအုန်းဆီ လုံလောက်မှုနည်းပါးသဖြင့် ဝါစေ့ဆီကို တွဲဖက်၍ သုံးစွဲနေကြောင်း၊ ဝါစေ့ဆီ တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)ဖြင့် ပခုက္ကူစက်မှုဇုန်မှ ဝယ်ယူကြောင်း၊ ကုန်ကြမ်းပဲကြီးကို ပိဿာချိန်(၃၀)ဝင် တစ်အိတ်လျှင် ကျပ်(၂၁၀၀၀၀-၂၆၀၀၀၀)ဖြင့် မုံရွာ၊ အောင်ပန်း မြို့များမှ ဝယ်ယူကြောင်း၊ တစ်နေ့လျှင် အိတ်ရေ(၁၈ - ၂၀)အိတ်ခန့် ကြော်ရကြောင်း၊ တစ်လလျှင် ပျမ်းမျှ   (၂၀-၂၅)ရက်ခန့် လုပ်ကိုင်ရကြောင်း၊ ပဲကြော်သော လုပ်သားဦးရေ()ဦးရှိပြီး လုပ်သားခကို တစ်နေ့လျှင် အမျိုးသားတစ်ဦး ကျပ်(၁၅၀၀၀) အမျိုးသမီးတစ်ဦး ကျပ်(၁၀၀၀၀)ပေးကြောင်း၊ ပဲညှစ်သော လုပ်သားဦးရေ  အများအပြားရှိပြီး ပဲညှစ်ခ ကို တစ်ပြည်လျှင် ကျပ်(၇၀၀)ပေးကြောင်း၊ လူတစ်ဦးလျှင် ပဲညှစ်ခ ကျပ်(၆၀၀၀-၈၀၀၀)ခန့်ရရှိကြောင်း၊ ပဲကြော်များကို ပခုက္ကူမြို့ပေါ်တွင် ရောင်းချရမှုနည်းပြီး  ရန်ကုန်၊ တောင်ကြီး၊ မုံရွာ၊ ကလေး၊ ကလေးဝ မြို့နယ်များသို့ ရေလမ်းဖြင့် အများဆုံး တင်ပို့ရောင်းချကြောင်း၊ ဈေးနှုန်းအနေဖြင့် ပဲပူးကြော်၊ နှစ်ပြန်ကြော် တစ်ပိဿာလျှင် လက်လီ ကျပ်(၂၁၀၀၀) လက်ကား ကျပ်(၂၀၀၀၀)ဖြင့် ရောင်းချကြောင်း၊ မြေပြင်တွင် လုပ်ငန်း အမှန်တကယ် လည်ပတ်ပြီး လုပ်ကိုင်နေ ကြောင်း၊ ဆီခွဲတမ်းရရှိမှုများလျှင် ပို၍ အဆင်ပြေကြောင်း၊ ဆီဈေးနှုန်း သင့်တင့်စွာဝယ်ယူရလျှင် စားသုံးသူများအပေါ် ပို၍ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ကြောင်း ပဲကြော်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)