Main menu

Sihanoukvill ပြည်နယ်တွင် အထူးစီးပွားရေးဇုန်အသစ် တည်ထောင်ရန် စတင်ဆောင်ရွက်

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanth နှင့် East Group of Companies ၏ ထိပ်တန်းစီမံခန့်ခွဲမှုတို့သည် Sihanoukvill ပြည်နယ်၊ Prey Nob ခရိုင်တွင် အထူးစီးပွားရေးဇုန် (SEZ) အသစ်တည်ထောင်ရန် အစီအစဉ်များကို ၅-၃-၂၀၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုတွေ့ဆုံဆွေးနွေးပွဲသို့ (CDC) ၏ ကမ္ဘောဒီးယား ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် Chea Vuthy နှင့် အခြား (CDC) ၏ အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြသည်။ အထူးစီးပွားရေးဇုန်များသည် ရင်းနှီးမြှုပ်နှံ သူများကို သွင်းကုန်နှင့်ပို့ကုန်များအတွက် ‘one-stop’ ဝန်ဆောင်မှုပေးနိုင်ရန် နိုင်ငံတစ်ဝှမ်းတွင် တည်ထောင်ထားပြီး ကုန်သွယ်မှုကိုများစွာလွယ်ကူစေသည်။ အဆိုပါ အချက်အချာကျသော နေရာများသည် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျပြီး သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများနှင့် ပိုမိုချိတ်ဆက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် (CDC) မှ အထူးစီးပွားရေးဇုန် များ(SEZs) တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၅၀ သန်းဖြင့် စီမံကိန်း ၁၀ ခုကို အတည်ပြုခဲ့ပြီး စုစုပေါင်းအလုပ်အကိုင် ၄,၀၀၀ ခန့်ဖန်တီးပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထား သည်။

DOCA(ရန်ကုန်)