
ကမ္ဘောဒီးယားနိုင်ငံ၊ Kandal ပြည်နယ်အုပ်ချုပ်ရေးမှူး Kuoch Chamroeun က နိုင်ငံတော်၏ စီပွားရေးအချက်အချာကျသော ဖနွမ်းပင်အနီးတစ်ဝိုက်တွင် တည်ရှိသော Kandal ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Santo Darmosumarto အား တိုက်တွန်းခဲ့သည်။ Santo Darmosumarto နှင့် တာဝန်ရှိသူများသည် ၆-၃-၂၀၂၅ ရက်နေ့က Kandal မြို့တော်ခန်းမတွင် တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။ Kuoch Chamroeu က Kandal ပြည်နယ်၏ ပထဝီဝင်အနေအထား၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း Kandal ပြည်နယ်အတွက် မျှော်မှန်းချက်သည် လုံခြုံရေး၊ အများပြည်သူဆိုင်ရာစည်းကမ်းများ၊ စက်မှုလုပ်ငန်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ အစားအသောက်နှင့် အိမ်ယာများကို ပံ့ပိုးနိုင်သည့် အချက်အချာ ဖြစ်လာစေရန်ရည်ရွယ်ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။ Santo Darmosumarto က ပြည်နယ်အတွင်း နေထိုင်သောအင်းဒိုနီးရှားနိုင်ငံသားများအား ကူညီ ဆောင်ရွက်ပေးရာတွင် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့၏ပံ့ပိုးကူညီမှုများကိုလည်း ရယူလိုကြောင်း ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား လက်ရှိစီးပွားရေး ဆက်ဆံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိပြီး အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ ၏ ၇ ခုမြောက်အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာကြောင်း Santo Darmosumarto က မှတ်ချက်ပြုခဲ့သည်။
DOCA(ရန်ကုန်)