
ပန်းတနော်မြို့နယ် ဒေသတွင်းရောင်းချနေသော အသင့်စား ကြက်အူချောင်း၊ ဝက်အူချောင်း ရောင်းဝယ်မှုအခြေအနေများကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့်အတူ (၆.၃.၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် အနောက်ပိုင်းရပ်ကွက်(၂)ဆိုင်၊ မြို့မဈေးအတွင်းမှ ၂ဆိုင်၊ ဘုရင်နောင်တံတား ဗိုလ်ချုပ်လမ်းတွင် (၁) စုစုပေါင်း (၅)ဆိုင်အား ရောင်းဝယ်နေမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်က အသင့်စားကြက်အူချောင်းနှင့် ဝက်အူချောင်းရောင်းချနေသည့် ဆိုင်(၅)ဆိုင်တွင် ရောင်းဝယ်ဖြန့်ဖြူးနေမှုကို မေးမြန်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ပန်းတနော်မြို့နယ်တွင် Cp ကုမ္ပဏီမှ ရောင်းချလျက်ရှိသည့် အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းတံဆိပ်များရောင်းချခြင်းမျိုးမတွေ့ရှိပဲ၊ အခြားသောတံဆိပ်ပါ ကြက်အူချောင်း၊ ဝက်အူချောင်းများကိုသာတွေ့ရှိရပြီး ၎င်းအခြား တံဆိပ်ကုန်စည်များသည်လည်း ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြပါဝင်ကြောင်း တွေ့ရှိရပြီး အသင့်စားနိုင်သည့် ကြက်အူချောင်း၊ ဝက်အူချောင်းများသည် ရန်ကုန်နှင့် မန္တလေးမြို့တို့မှ လက်ကားအရောင်းဆိုင်များမှ မှာယူရောင်းချကြောင်း ရောင်းချသူလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)