Main menu

နှင်းဆီတံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ မတ်လ (၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင် (ဦးစီးမှူး) ဦးဆောင်ကာ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဆန်ဆိုင်း (က)ရပ်ကွက်ရှိ နှင်းဆီတံဆိပ်ဂျုံခေါက်ဆွဲလုပ်ငန်းများအား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိ စေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နှင်းဆီတံဆိပ်ဆိပ်ဂျုံခေါက်ဆွဲတို့သည် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကို သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရ ပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ် တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏လုပ်ငန်းလိုင်စင်များပြုလုပ်ရန်နှင့်  စားသုံးသူကာကွယ် ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြပါသည်။

DOCA(ရှမ်း)