
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင် ဦးစီးမှူးရုံးတွင် (၄.၃.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်၌ ခရိုင်ဦးစီးမှူး နှင့် MSME လုပ်ငန်း ရှင်များတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးနှင့်ပတ်သက်၍ အသိပညာ ပေးဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးမှုတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြားရေးမှူး)က မိမိတို့ ထုတ်လုပ်သောကုန်စည်များကို သက်ဆိုင်ရာဌာနထောက်ခံချက်များပါရှိရေး/ရရှိရေး ဆောင်ရွက်ရန် လိုအပ်သလို၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ဖော်ပြရမည့်အချက်များ၊ မြန်မာဘာသာဖြင့် အဖြစ်မနေဖော်ပြထည့်သွင်းဖော်ပြရမည့် အချက်များ ပြည့်စုံစွာပါရှိရေး ဆောင်ရွက်ရန်နှင့် လိုအပ်ပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်စေ ဖော်ပြ ထားသည့်ကုန်စည်နှင့် သက်ဆိုင်သည့်အချက်အလက် သို့မဟုတ် အမှတ်အသားကိုဆိုလိုတာဖြစ်နှင့် နိုင်ငံတော်မှ သတ်မှတ်ရည်ညွှန်းဈေးဖြင့်ထုတ်ပေးသော စက်မှုလုပ်ငန်းသုံးဆီများကိုလည်း မိမိတို့၏ လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင် များမှ သိရှိလိုသည့်အချက်အလက်များအား မေးမြန်းဆွေးနွေးရာ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးမှူး)က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)