Main menu

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၄) ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် အရာထမ်း များ/အမှုထမ်းများနှင့် ချမ်းအေးသာစံမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များအတူ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ယခု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အတွက် လာရောက်ဆွေးနွေးခြင်းနှင့် သရုပ်ပြပေးသည့်မီးသတ်ဦးစီးဌာနကို ကျေးဇူးတင်ရှိပါကြောင်း နှင့် မိမိတို့ဝန်ထမ်းများအနေနှင့်လည်း မီးဘေးကြိုတင်ကာကွယ်ရေးဆွေးနွေးချက်များနှင့် မီးသတ် ဆေးဘူးများ နည်းစနစ်မှန်ကန်စွာ အသုံးပြုနည်းကို ယခုလက်တွေ့သရုပ်ပြသမှုတွင် စနစ်တကျ လေ့လာထားရှိရန် အရေးကြုံပါက မိမိပတ်ဝန်းကျင်အတွင်း အသုံးပြုတတ်စေရန်အတွက်နှင့် မီးသတ် ဆေးဘူးများ ထားသိုနည်းစနစ်များကိုလည်း လေ့လာထားရန်လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးမှ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် အသိပါပေးဆွေးနွေးရာတွင် မီးဘေးကြိုတင်ဆွေးနွေးချက်နှင့် ဆောင်ရန်ရှောင်ရန် အချက်များ၊ အကြံပြုဆွေးနွေးချက်များ၊ အသိပညာပေးခြင်းနှင့် ဖြစ်တတ်သည့်သဘောနှင့် အခြေ အနေများကို Power Point ဖြင့်‌ဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ပြီး မီးသတ်ဦးစီးမဌာနမှ ရုံးဝန်းတွင်ထားရှိသည့် မီးသတ်ဆေးဘူးများကို စစ်ဆေးခြင်း၊ ဝန်ထမ်းအိမ်ရာများတွင်ထားရှိသည့် မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကဒ်များ ကြိုတင်ကာကွယ်ရေး အတွက် အဆောက်အဦနှင့် ရေသိုလှောင်ထားရှိသည့်ကန်များ စစ်ဆေးခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဝန်ထမ်းများအား မီးငြိမ်းသတ်မှု နည်းစနစ်များကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံလက်တွေ့ဆောင်ရွက်ခြင်းများကို ဝန်ထမ်းများနှင့်အတူ လေ့ကျင့်ဆောင်ရွက်ပြီး (၁၆:၀၀)နာရီအချိန်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)