Main menu

ဝဥ ဈေးကွက်နှင့် အသုံးဝင်ပုံ

Powered by Drupal

 ဝဥများကို ရှမ်းပြည်တောင်ပိုင်း အောင်ပန်း၊ ကလော၊ ပင်လောင်း၊ ရွာငံတို့မှ ထွက်ရှိပြီး မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လျှက်ရှိပါသည်။ မန္တလေးမြို့ ၊ (၃၄ လမ်း၊ ၇၆-၇၅ လမ်း) ညဈေးတို့တွင် ရှမ်းနှင့်တရုတ်အစားစာရောင်းချသော ဆိုင်များတွင် ဝဥများကို တွေ့ရှိရသည်။ ဝဥများမှာ အဖြူ၊ အနီ၊ အဝါအရောင်(၃)မျိုးဖြင့် တွေ့ရှိရသည်။ ပြုပြင်ပြီးသော ဝဥအတုံးများကို (၂၅)ကျပ်သား တစ်တုံးလျှင်(၂၅၀၀/၃၀၀၀)ကျပ်ဖြင့် ရောင်းချကြသည်။ ဝဥကို ချက်စားခြင်း၊ သုပ်စားခြင်း၊ ကြော်စားခြင်း၊ နှပ်စားခြင်းနှင့် စွတ်ပြုတ်လုပ်၍လည်း ပုံစံအမျိုးမျိုးဖြင့် စားသောက်ကြသည်။

          ဂျပန်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် ဝဥကို ကြာဇံ၊ ခေါက်ဆွဲ၊ အသားထုအမျိုးမျိုး၊ မုန့်မျိုးစုံများ ပြုလုပ်၍လည်း စားသုံးကြပြီး ဝဥကို စားသောက်ကုန်ထုတ်လုပ်ရာတွင်သာမက အလှကုန် ပစ္စည်းများ တိုင်းရင်းဆေးဝါးများ ခေတ်မီဆေးဝါးများနှင့် စက်မှုကုန်ကြမ်းအဖြစ်လည်း သုံးစွဲ ကြပြီး ဝဥခြောက်များကို ပြည်ပသို့  တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)