Main menu

တမာရွက်များ လှိုင်လှိုင်ထွက်ပေါ်

Powered by Drupal

တမာရွက်သည် အပူပိုင်းဒေသတွင်ပေါက်ရောက်သော အပင်ကြီးမျိုးဖြစ်သည်။ တမာရွက် ကို မန္တလေးမြို့အနီးတဝိုက်နှင့် ကျောက်ဆည်၊ မြစ်ငယ်၊ စစ်ကိုင်းတို့မှ တမာရွက်ပြုတ်များ ဝင်ရောက်လျှက်ရှိပြီး အနယ်နယ်အရပ်ရပ်ရှိဈေးကလေးများသို့ ပြန်လည် ရောင်းချကြောင်း သိရှိ ရပါသည်။ တမာရွက်သည် ပြာသိုလနှင့် တပိုတွဲလများတွင် ထွက်ရှိပြီး တမာရွက်နုနုကလေးများ ကို ပြုတ်၍ ခရမ်းချဉ်သီးငါးပိချက်၊ ငံပြာရည်ချက်၊ ငါးပိရည်နှင့် ငါးခြောက်ချက်များတို့ဖြင့် စားသုံးကြလေ့ရှိသည်။ တပေါင်းလနှင့် တန်ခူးလတို့တွင် အပင်များမှ တမာပွင့်ကလေးများသည့် ဝေဝေဆာဆာ ပွင့်လျှက်ရှိပါသည်။ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် တမာရွက်(၁၀)သားလျှင် (၂၀၀၀/ ၂၅၀၀) ကျပ်၊ ယခု မတ်လဆန်းပိုင်းတွင်မူ တမာရွက်(၁၀)သားလျှင် (၁၀၀၀/၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိခြင်းကြောင့် တမာရွက်များ လှိုင်လှိုင်ထွက်ပေါ်လျှက်ရှိပြီး ရာသီစာ အချိန်ကုန်နီးပါးဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးသွားပြီး တမာရွက်ဈေးသိသိသာသာ ကျဆင်းသွားကြောင်း သိရှိရသည်။

DOCA(မန္တလေး)