
ပြည်တွင်းစားဆီကြိတ်ခွဲမှုကဏ္ဍအတွက် အရေးပါသည့်ဆီထွက်သီးနှံနှမ်းအား မန္တလေး တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါတယ်။ ဆီထွက်သီးနှံဖြစ်သည့်နှမ်းသီးနှံမှာ ပြည်တွင်းစားသုံးခြင်းနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် သီးနှံဖြစ်ပြီး၊မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အဓိကစိုက်ပျိုးလျက်ရှိကြောင်းသိရပါတယ်။ ဆီထွက်သီးနှံ မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ များအား စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့်စားဆီများတင်သွင်းမှု လျော့ချနိုင်ရန် အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ (ဂျပန်) ၄၀၅၀၀၀ ကျပ်နှင့် ၄၁၀၀၀၀ ကျပ်၊နှမ်းဖြူ(ဗမာ)၃၂၅၀၀ဝိ/- နှင့် ၃၃၀၀၀ဝိ/-၊ နှမ်းညို ၂၉၅၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ဆောင်းနှမ်း ၅၄၀၀၀ဝိ/- နှင့် ၅၆၀၀၀ဝိ/-၊တစ်ပိဿာစျေးမှာ နှမ်းဖြူ(ဂျပန်) ၉၀၀၀ကျပ်နှင့် ၉၁၁၀ ကျပ်၊နှမ်းဖြူ(ဗမာ )၇၂၂၂ ကျပ်နှင့် ၇၃၃၃ ကျပ်၊နှမ်းညို ၆၅၅၆ကျပ်နှင့် ၆၆၆၇ ကျပ်၊ဆောင်းနှမ်း ၁၂၀၀၀ ကျပ်နှင့် ၁၂၄၄၄ ကျပ်၊နှမ်းဖတ်စျေးမှာ ၄၅၀၀ ကျပ်စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ တစ်ပိဿာ လျှင် နှမ်းဖြူ(ဂျပန်)၉၁၁၁ ကျပ်နှင့်၉၂၂၂ကျပ်၊နှမ်းညို ၆၈၈၉ကျပ်၊ ဆောင်းနှမ်း ၇၆၆၇ ကျပ်နှင့် ၇၇၇၈ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စျေးနှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါက ဆောင်းနှမ်းစျေးမှာ ပိုမို ရရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)