Main menu

ပဲယဉ်းစျေးကွက်

Powered by Drupal

မန္တလေးပဲမျိုးစုံစျေးကွက်သို့ ဝင်ရောက်လျက်ရှိသည့် ပဲယဉ်းသီးနှံမှာ ပြည်တွင်း စားသုံးမှု နှင့်ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသကြီး သည်ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါ အဝင်ပဲမျိုးစုံစိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစျေးကွက် သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက် သည့်ပဲယဉ်းသီးနှံများဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် မတ်လပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက် စျေးမှာ ပဲယဉ်း ၃တင်းဝင်တစ်အိတ်လျှင်  ၁၈၅၀၀၀ ကျပ်နှင့် ၁၈၈၀၀၀ ကျပ်၊ပဲယင်း(သေး) ၁၇၈၀၀၀ ကျပ်နှင့်၁၈၀၀၀၀ ကျပ်၊ပဲယင်း(နီ) ၂၂၃၀၀၀ကျပ်နှင့် ၂၂၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း (ကြီး) ၃၀၈၃ ကျပ်နှင့် ၃၁၃၃ ကျပ်၊ ပဲယင်း(သေး) ၂၉၆၇ ကျပ်နှင့် ၃၀၀၀ ကျပ်၊ ပဲယင်း(နီ) ၃၇၁၇ ကျပ်နှင့် ၃၇၅၀ ကျပ်တို့ဖြစ်ပြီး၊ပဲယဉ်းဝင်ရောက်မှုများသည့်အတွက် ပဲယင်းပေါက်စျေး အနည်းငယ်ကျဆင်းသွားကြောင်း သိရပါတယ်။  ယခင်နှစ်ကာလတူစျေးမှာ ၃တင်းဝင် တစ်အိတ် လျှင် ပဲယင်း(ကြီး) ၁၅၅၀၀၀ကျပ်နှင့် ၁၅၇၀၀၀ ကျပ်၊ပဲယင်း(သေး) ၁၅၀၀၀၀ ကျပ်နှင့် ၁၅၃၀၀၀ ကျပ်၊ ပဲယင်း(နီ) ၂၀၀၀၀၀ ကျပ်နှင့် ၂၀၈၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း(ကြီး)၂၅၈၃ ကျပ် နှင့် ၂၆၁၇ကျပ်၊ပဲယင်း(သေး) ၂၅၀၀ကျပ်နှင့် ၂၅၅၀ကျပ်၊ ပဲယင်း(နီ) ၃၃၃၃ကျပ် နှင့် ၃၄၆၇ကျပ် ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ ယခုနှစ်စျေးနှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါကပဲယင်း တစ်ပိဿာ လျှင် ၅၁၆ကျပ်စျေးပိုမိုရရှိကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ပဲယင်းဝင်ရောက်မှု ပမာဏ ပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)