
မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်ထွက်ပဲပုပ်သီးနှံများ မတ်လပထမပတ်အတွင်း ဝင် ရောက်မှုများပြားပြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်မှ လည်းဝင်ရောက်ကြောင်း သိရ ပါတယ်။ ပဲမျိုးစုံအနက်ပဲပုပ်မှာ ပြည်တွင်း စားသုံးမှုများ ပြားခြင်း နှင့်ပြည်ပတင်ပို့ရောင်းချသည့် စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှု များပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုပ်သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ် မတ်လပထမပတ်အတွင်း ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ပဲပုပ်(ကာဘိုး)၃၁၀၀၀၀ကျပ်၊ပဲပုပ်(ဗမာ) ၂၉၀၀၀၀ကျပ်၊ပဲပုပ်(ရှမ်း) ၃၂၀၀၀၀ကျပ်နှင့် ၃၃၀၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ပဲပုပ်(ကာဘိုး) ၅၈၂၂ကျပ်၊ ပဲပုပ်(ဗမာ) ၅၄၄၆ ကျပ်၊ ပဲပုပ်(ရှမ်း) ၆၀၀၉ကျပ်နှင့် ၆၁၉၇ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင်ပဲပုပ်(ဗမာ)၁၅၈၀၀၀ကျပ်နှင့် ၁၆၀၀၀၀ကျပ်၊ပဲပုပ်(ရှမ်း) ၁၆၀၀၀၀ ကျပ် နှင့် ၁၆၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ပဲပုပ်(ဗမာ) ၂၉၆၇ကျပ်နှင့် ၃၀၀၅ကျပ်၊ပဲပုပ် (ရှမ်း) ၃၀၀၅ ကျပ်နှင့်၃၀၉၉ ကျပ်တို့ဖြစ်ပြီးယခုနှစ်နှင့်ယခင်နှစ်ပေါက်စျေး နှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ပဲပုတ်(ဗမာ)၂၄၄၁ကျပ်နှင့်ပဲပုတ်(ရှမ်း)၃၀၉၈ကျပ်စျေးပိုမိုရရှိကြောင်း သိရပါတယ်။ ပဲပုပ်ဝင် ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိပြီး၊ ယခုနှစ် ပဲပုပ် မှာစျေးကောင်းရသည့်သီးနှံတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။
DOCA(မန္တလေး)