
မန္တလေးပဲမျိုးစုံစျေးကွက်အတွင်း ကုလားပဲသီးနှံမှာပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပ သို့ တင်ပို့သည့် ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကုလားပဲသီးနှံ အပါအဝင် ပဲမျိုးစုံအများအပြားစိုက်ပျိုးလျက်ရှိပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မတ်လပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၂၂၀၀၀ကျပ်၊ကုလားပဲ(V-7)၂၃၅၀၀၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၁၅၀၀၀ကျပ်၊ကုလားပဲ(929)၂၂၂၀၀၀ကျပ်နှင့်၂၂၃၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2)၃၈၇၈ကျပ်၊ (V-7)၄၁၀၅ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၃၈၂၂ကျပ်၊ကုလားပဲ(929) ၃၉၄၇ ကျပ်နှင့်၃၉၆၄ကျပ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ တစ် ပိဿာလျှင် ကုလားပဲ(V-2) ၄၅၄၁ ကျပ်နှင့် ၄၅၇၆ကျပ်၊ကုလားပဲ(V-7) ၄၅၄၁ကျပ်နှင့် ၄၅၉၄ ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၄၅၃၃ကျပ်နှင့်၄၅၆၉ ကျပ်၊ကုလားပဲ(929) ၄၄၉၈ကျပ်နှင့်၄၅၃၃ ကျပ် စျေးဖြစ်သည့်အတွက် ယခုနှစ်ပေါက်စေျးမှာအနည်းငယ်စျေးလျော့နည်းကြောင်း သိရပါတယ်။ ကုလားပဲသီးနှံဝင်ရောက်မှုပေါ်မူတည်၍ ရက်အလိုက်အနည်းငယ်စျေးပြောင်းလဲမှုရှိနိုင်ကြောင်း သိရပါတယ်။စျေးကွက်အတွင်း ၂၀၂၅ ခုနှစ်မတ်လပထမပတ်တွင် ကုလားပဲမှာ အရောင်းသွက် သည့်ပဲတစ်မျိုးဖြစ်ကြောင်း ကုန်သည်တစ်ဦး၏ပြောပြချက်အရ သိရပါတယ်။
DOCA(မန္တလေး)