Main menu

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

  ၂၀၂၅ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  (၇-၃-၂၀၂၅) ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ဒေါ်မေသက်ထွန်း (ဦးစီးအရာရှိ) က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်တွင်  "လူနေမှုဘဝ အစဉ်တည်တံ့ ဖို့ မျှတအသွင် ကူးပြောင်းစို့ ( A Just Transition to Sustainable Lifestyles) ဆောင်ပုဒ်ဖြင့် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပရခြင်းမှာ စားသုံးသူ အခွင့်အရေးများနှင့်အကျိုးစီးပွားကို လေးစားလိုက်နာစေဖို့ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါ ကြောင်း၊     စားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်းပြီး စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့်စပ်လျဉ်းပြီး ဆောင်ရွက်နေမှုအခြေ အနေများအကြောင်း၊  မတ်လ (၁၅)ရက်နေ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အတွက် မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆောင်ရွက်မည့်အခြေအနေများအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်သော်လည်း အစိုးရဌာန များ၏ တစ်ဆက်တစ်စပ်တည်း ရုံးပိတ်ရက်ရှည်များ ဖြစ်သည့်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ မတ်လ(၁၁)ရက်နေ့မှာ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ (မြို့တော်ခန်းမ) မှာ ကျင်းပ ပြုလုပ်သွားမည့်အကြောင်းအရာများ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   

DOCA(မန္တလေး)