Main menu

သရက်သီးစိမ်းဈေးကွက်

Powered by Drupal

ထူးကဲသောအနံ့အရသာနှင့် ပြည့်စုံသောသရက်သီးသည် အပူပိုင်းဒေသ၏အမည်ကျော်       အသီးတစ်မျိုးဖြစ်သည်။ မန္တလေးတို်ငးဒေသကြီးအတွင်း ကျောက်ဆည်၊ ဟန်မြင့်မိုရ်၊ မြစ်သား၊  စဉ်ကိုင်၊ တံတားဦးမြို့များတွင် စီးပွားဖြစ် စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိကြောင်းသိရသည်။ မန္တလေး အညာဒေသ၌ ယခုဖေဖော်ဝါရီလတွင်းပေါ်ဦး ပေါ်ဖျားဖြစ်သည့် သရက်သီးစိမ်း(ခေါ်) သရက်ကင်းများ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးကောင်းရရှိကာ သရက်ခြံစိုက်ပျိုးသူများ ဝင်ငွေတိုးလျှက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက် များအတွင်း သရက်ကင်းအလုံးကလေးများအား အသီးအနေထားပေါ် မူတည်၍ တို့စရာအဖြစ် (၁)လုံးလျှင် အနိမ့်ဆုံးဈေးငွေ(၁၀၀/၂၀၀)ကျပ်၊ အသီးအရွယ်အစားကြီး လျှင်(၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျှက်ရှိ‌ပါသည်။   သရက်ကင်းသည် မြန်မာလူမျိုးများအတွက် ငါးပိရည်တို့စရာ အဖြစ်စားသုံး၍  ရင့်သည့်သရက်သီးစိမ်းကိုမူ သရက်သီးသုပ်၊ သရက်ကင်၊ သရက်သီးခြောက်၊ သရက်သီးဆားရေစိမ်၊ သရက် သီးသနပ်၊ သရက်သီးကလည်တည်အဖြစ် နှစ်ပေါက်စားရန်အတွက် အသုံးပြုကြသည်။ အသားမှာဝက်၊ အရွက်မှာလက်ဖက်၊ အသီးမှာသရက် ဆိုသည့်အတိုင်း သရက်သီး သည်အရွက်နုချိန်၊ သရက်ဖူးချိန်မှ မှည့်ချိန်ထိဝင်ငွေရရှိသော အသီးဖြစ်သည်။ သရက်စိုက်ပျိုးမှု အများအပြားရှိကြသော်လည်း မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် အများအပြား စိုက်ပျိုးလျက်ရှိကြောင်း  မန္တလေးတိုင်းအညာဒေသမှထွက်ရှိသော သရက်ကင်းများကိုလည်း နီးစပ်ရာမြို့ကြီးများသို့တင်ပို့ ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)