
၆.၃.၂၀၂၅
မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊စဉ့်ကိုင်၊တံတားဦး၊မြစ်သား၊ကူမဲဒေသများမှ ဖရဲ၊သခွားများ ဝင်ရောက်လျက်ရှိပါသည်။ သခွားမွှေးသီးအနေနှင့် ပိုက်ကွက်နှင့်ရွှေသခွားနှစ်မျိုး ရှိပြီး စားသုံးမှုအနေနှင့် ရွှေသခွားအဝိုင်းကြီး လုံးကြီး ၁လုံးလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်၊ လုံးရှည်တစ်လုံးလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ ဝိုင်းသေး ၁ လုံးလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ်၊ ပိုက်ကွက်ကြီးတစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်၊ ဖရဲသီးဈေးနှုန်းအနေနှင့် အလုံးကြီး ၁လုံး ၅၅၀၀ ကျပ်မှ ၇၀၀၀ ကျပ်၊ လုံးလတ်တစ်လုံးလျှင် ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်၊ လုံးသေး ၁လုံး လျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်ဈေးနှုန်းများနှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး၊ ရာသီဥတုအနည်းငယ်ပူလာသည့်အတွက် သစ်သီး၀လံများကို အအေးဆိုင်များနှင့် စားသုံးသူ ပြည်သူများမှ ဝယ်ယူမှုများကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)