
၆.၃.၂၀၂၅
မန်းမြို့တွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ကလော၊ ရွာငံနှင့် ရပ်စောက်နယ် များမှ အာလူးများဝင်ရောက်လျက်ရှိပါသည်။ ဝင်ရောက်လာသည့် အာလူးများအနေနှင့် လုံးကြီး များကို အာလူးကြော်လုပ်ငန်းတွင် အသုံးပြုမှုများပြီး လုံးလတ်များကို စားသုံးမှုများကြောင်း ဈေးနှုန်းဈေးကွက်အနေနှင့် ပွဲရုံများမှ အလုံးကြီး ဂျွန် ၅ ပိဿာ ၂၃၀၀၀ ကျပ်၊ လတ်ဂျွန် ၅ ပိဿာ ၁၈၀၀၀ ကျပ်ဈေးဖြင့်ရောင်းဝယ်မှုရှိပြီး၊ လက်လီဈေးနှုန်းအနေနှင့် လုံးကြီး ၁ ပိဿာ ၅၂၀၀ ကျပ်၊ လတ် ၁ ပိဿာ ၄၂၀၀ကျပ်ဈေးများနှင့် ရောင်းဝယ်မှုရှိနေကြောင်း၊ မန္တလေးမြို့တွင်းသို့ ဝင်ရောက်သည့် အာလူးများကို ပွဲရုံများမှတဆင့် အနီးဝန်းကျင်ရှိ မြို့များသို့ ကုန်စည်စီးဆင်းမှု ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)