Main menu

“ပဲစဉ်းငုံများရိတ်သိမ်းပြီးစီး”

Powered by Drupal

             ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ငရုတ်စသည့်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အနက် ပဲစဉ်းငုံသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ပဲစဉ်းငုံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၁၄၈၃)ဧက စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင်အားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ပဲစဉ်းငုံစိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ်ခန့်ကုန်ကျ ကြောင်း ၊ အများဆုံးစိုက်ပျိုးသေားမျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေး ဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊မိမိစိုက်ခင်းမှမျိုးကိုချန်ပြီး စိုက်ပျိုးမှုရှိသလိုစိုက်ပျိုးချိန် ရောက်မှဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊ ဇွန်၊ ဇူလိုင်လများတွင်စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင် အားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁၀-၁၁)တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၁၀၈၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် (၉၀၀၀၀)ကျပ် စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တောင်သူများမှ ပဲစဉ်းငုံများကို ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက်‌ရောင်းချကြကြောင်း၊ ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်မြတ်ကြောင်း ပဲစဉ်းငုံစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)