Main menu

သဘာဝ မန်ကျည်းဖျော်ရည်

Powered by Drupal

အညာဒေသတွင် ကုက္ကိုလ်ပင်၊ တမာပင်၊ ထနောင်းပင်၊ မန်ကျည်းပင်၊ ညောင်ပင်များသည် အရိပ်ရသစ်ပင်များအဖြစ် လမ်းဘေးဝဲယာနေရာအနှံ့အပြား၌ အလေ့ကျပေါက်ပင်များဖြစ်သည်။ ယခုလိုနွေဦးပေါက်ရာသီတွင် ၎င်းသစ်ပင်ကြီးများ၏ အရိပ်အောက်တွင် ကုက္ကိုလ်ရိပ်အအေးဆိုင်၊ ထနောင်းရိပ်အအေးဆိုင်၊ မန်ကျည်းရိပ်အအေးဆိုင် စသည်ဖြင့် နွေရာသီစာ ကြံရည်နှင့် သစ်သီးမျိုးစုံဖျော်ရည်အရောင်းဆိုင်များကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ပွင့်လင်းရာသီဖြစ်၍ ပဲမျိုးစုံနှင့် သီးနှံမျိုစုံရိပ်သိမ်းပြီးကာလဖြစ်ရာ တောင်သူဆူဖြိုးချိန်ဖြစ်သည်။ တပေါင်းလရာသီသည် တပေါင်းပွဲတော်၊ ရွှေစာရံပွဲတော်သွားလာလည်ပတ်သူများနှင့် စည်ကားလျှက်ရှိပါသည်။ ၎င်းခရီး သွားများသည် နွေအပူမှာနေအရိပ်ကိုခို၍ ဝယ်ယူစားသောက်သူများနှင့် စည်ကား၍ နေပြီဖြစ်ပါ သည်။ ၎င်းအပင်များ၏ အရိပ်အောက်တွင် သစ်သီးမျိုးစုံဖျော်ရည်များအနက် နေပူပူဒီရာသီနှင့် အလိုက်ဖက်ဆုံးဖျော်ရည်မှာ မန်ကျည်းဖျော်ရည်ဖြစ်ပါသည်။ သဘာဝမန်ကျည်းဖျော်ရည်လုပ်ရန် အတွက် မြေရေအိုးသစ်တစ်လုံးတွင် ရေမပြည့်တစ်ပြည့်ထည့်ပြီး မန်ကျည်းသီး၊ ထန်းလျက်၊ ဆား အနည်းငယ်တို့ဖြင့် မွှေနှောက်ဖျော်ထားရပါသည်။ ၎င်းမန်ကျည်းဖျော်ရည်အိုး နှုတ်ခမ်းပတ်လည် တွင် သစ်ကြီးရွက်၊ ကုက္ကိုလ်ရွက်ကလေးများဖြင့် ကာစည်းထားပါသည်။ ၎င်းမန်ကျည်းဖျော်ရည် အိုးကို မြင်ရရုံဖြင့် သောက်ချင်စိတ်ကို အလိုလိုဖြစ်ပေါ်စေပါသည်။ မန်ကျည်းဖျော်ရည်သောက် သုံးခြင်းဖြင့် ဝမ်းတွင်းအေးစေပါသည်။ ဆီးမှန်/ဝမ်းမှန်စေပါသည်။ ခံတွင်းရှင်းပြီးအပုတ်နံ့ပျောက် စေပါသည်။ မျက်လုံးကြည်စေပါသည်။ မန်ကျည်းဖျော်ရည်ကို ရေအစားထိုးသောက်သုံးရန် လူကြီး/လူငယ်၊ အမျိုးသား/အမျိုးသမီးအားလုံး သောက်သုံးသင့်ပါသည်။ သဘာဝမန်ကျည်း ဖျော်ရည်တစ်ခွက်လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း မန်ကျည်းဖျော်ရည် ရောင်းချသူ ထံမှ သိရှိရသည်။

DOCA(မန္တလေး)