Main menu

ခရမ်းချဉ်သီးများ ဈေးနှုန်းချိုသာလာ၍ ဝယ်ယူစားသုံးမှုများလာ

Powered by Drupal

  မြင်းခြံမြိို့ရှိ အေးမြသီတာဈေး၊ မြို့မစည်ပင်သာယာဈေးနှင့် စံပြဈေးများ၌ ဒေသထွက် ခရမ်းချဉ်သီးများနှင့် မန္တလေးဒေသဘက်မှထွက်ရှိသော ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက် ရှိရာ ယခုမတ်လပထမပတ်တွင် ယခင်အပတ်ဈေးနှုန်းများနှင့်ယှဉ်လျှင် ဈေးနှုန်းများကျဆင်းလျက် ရှိသည်။

ယခင်လဖြစ်သည့် ဖေဖော်ဝါရီလ၏ တတိယပတ်နှင့်နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော ခရမ်းချဉ်သီးဈေးနှုန်းများအနေဖြင့် ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင်(၁၂၀၀)ကျပ်၊ ထိုင်ဝမ်ခရမ်းချဉ် သီးတစ်ပိဿာလျှင် အလုံးအကြီးအသေးပေါ်မူတည်ပြီး (၁၀၀၀)ကျပ်မှ(၁၂၀၀)ကျပ်ဝန်းကျင်များဖြင့် ဈေးနှုန်းများဖြစ်ပေါ်ခဲ့ပါသည်။ လက်ရှိကာလတွင် ခရမ်းချဉ်သီးများလှိုင်လှိုင်ထွက်ပေါ် လျက်ရှိရာ ယခုမတ်လ ပထမပတ်တွင် ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ ထိုင်ဝမ်းခရမ်းချဉ်သီး တစ်ပိဿာလျှင်(၈၀၀)ကျပ်မှ(၁၀၀၀)ကျပ်ဝန်းကျင်များဖြစ်၍ ယခင်လကုန်ပိုင်းနှင့်နှိုင်းယှဉ်လျှင် ခရမ်းချဉ်သီး အမျိုးအစားအလိုက်တစ်ပိဿာလျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းလာကြောင်း သိရသည်။ ဈေးနှုန်းများချိုသာလာသဖြင့် စိုက်ပျိုးထုတ်လုပ်သူများအကျိုးအမြတ်ရရှိမှု နည်းပါးသွား သော်လည်း စားသုံးသူများအတွက် ပေါပေါများများဝယ်ယူစားသောက်နိုင်၍ ရောင်းဝယ်မှုမှာ ဈေးကွက်သွက်ကြောင်း သိရသည်။

DOCA(မန္တလေး)