Main menu

အာလူးသီးဈေးကွက်အခြေအနေ

Powered by Drupal

   မြန်မာနိုင်ငံတွင် အာလူးသီးကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။ အာလူးစိုက်ပျိုးထွက်ရှိရာ ဒေသများသည် ရာသီဥတုနှင့်မြေဆီလွှာ အခြေအနေပေါ်မူတည်၍ အရည်အသွေး၊ အရွယ်အစားအကြီးအသေး ကွဲပြားနိုင်သည်။

          မြင်းခြံမြို့နယ် အေးမြသီတာဈေးတွင် ရောင်းချနေသော အာလူးတစ်ပိဿာဈေးနှုန်းများမှာ (၄၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တင်သွင်းမှုအနေဖြင့် ပြင်ဦးလွင်မြို့၊ ရှမ်းပြည်နယ်အောင်ပန်းမြို့တို့မှ ဝယ်ယူ၍ဒေသတွင်းရောင်းချလျက်ရှိသည်။ အာလူးသီးသည် ကစီ ဓာတ်ကြွယ်ဝပြီး၊ အမျှင်ဓာတ်ပါဝင်၌ အစာခြေစနစ်ကို ကောင်းမွန်သောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာချက်ပြုတ်စားသောက် ခြင်းဖြင့် အဟာရဓာတ်များကို အပြည့်အဝရရှိပါသည်။

DOCA(မန္တလေး)