Main menu

ရာသီစာဖရဲသီးဈေးကွက်ဈေးနှုန်း

Powered by Drupal

ဖရဲကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အပြင် ဒေသအသီးသီးတို့တွင် မြေလွတ်မြေရိုင်းများ၌ စိုက်ပျိုးလျက်ရှိပါသည်။ မန္တလေးမြို့နယ်အတွင်းရှိ မိတ္ထီလာ၊ သာစည်၊ မြစ်သား၊ မြင်းခြံ၊ ကျောက်ဆည်၊ တံတားဦးစသည့်ဒေသများတွင် ဖရဲသီးကို အများအပြား စိုက်ပျိုးကြပါသည်။ ဖရဲသီးမှာ  နွေအခါတွင်ပေါ်သော ရာသီစာဖြစ်ပြီး ယခုအခါတွင် ရာသီအားလုံး၌ စိုက်ပျိုးကြပါသည်။ ဖရဲနဲ့ သခွားမွှေးကို တောင်သူလယ်သမားများမှ အဓိက စိုက်ပျိုးကြပြီး ကုမ္ပဏီများမှလည်း မြေယာငှားရမ်းစိုက်ပျိုးလာခြင်းကြောင့် ပြည်ပဈေးကွက်တွင် လည်း ပိုမိုခိုင်မာလာကြောင်းသိရှိရပါသည်။ ဖရဲမျိုးစေ့များမှာ အမျိုးအစားများကွဲပြားပြီး စိုက်ပျိုးနည်း များလည်း ကွာခြားမှုရှိသောကြောင့် အထွက်နှုန်းနဲ့အရည်အသွေး မတူညီကြကြောင်း၊ ယခုအချိန် တွင် စိုက်ပျိုးသူများအတွက် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုများသည် ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် အရင်းအနှီးများလာသည့်အတွက် ပွဲရုံများနဲ့ချိတ်ဆက်၍ ရောင်းချနေရ ကြောင်း၊ ဖရဲသီးသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော ရာသီစာအသီးတစ်မျိုးဖြစ်ပြီး ဖရဲသီးကို စားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ရရှိစေပါသည်။ ဖရဲသီး တွင် ကာဗွန်ဟိုက်ဒရိတ်၊ ဗီတာမင်အေနှင့် စီပါဝင်သော ရာသီစာသီးနှံတစ်မျိုးဖြစ်သည့်အတွက် ဝမ်းတွင်းအေးစေရန် စားသုံးကြပါသည်။ ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာပါဝင်သောကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင်ပြီး အပူကင်းအောင် စားပေးသင့်သော အသီးတစ်မျိုးလည်း ဖြစ်ပါသည်။ ဖရဲသီးကို စားသုံးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကျောက်ကပ်ရောဂါ  တို့ကိုလည်းကာကွယ်နိုင်ပေးနိုင်ပါသည်။  ပန်းနာရင်ကြပ်၊ လေးဘက်နာ၊ အဆစ်အမြစ်ရောင် ရောဂါနှင့် အရိုးဆိုင်ရာရောဂါများလည်း ဖြစ်နိုင်ချေလျော့နည်းစေပြီး  အိုမင်းရင့်ရော်ခြင်းကိုလည်း လျော့နည်းစေကြောင်း လေ့လာသိရှိရပါသည်။ ယခုအခါတွင် အလှအပနှင့်ပတ်သက်၍လည်း  များစွာ အသုံးပြုလာကြပါသည်။ ဖရဲသီးများကိုဝယ်ယူရာတွင် အမျိုးအစားလိုက်၍ ရောင်းချနေကြ ကြောင်း၊ မန္တလေးမြို့နယ်မှ ထွက်ရှိသော ကျောက်စိမ်းဖရဲသီး အကြီးတစ်လုံးလျှင် ( ၇၀၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင်  (၄၀၀၀)ကျပ်၊ ပဲခူးတိုင်းမှဝင်ရောက်လာသည့် ဂျွန်ဖြူကြားဖရဲသီး အကြီးတစ်လုံးလျှင် (၁၅၀၀၀)ကျပ်၊ ဖြူကားဝိုင်းတစ်လုံးလျှင်  (၈၀၀၀)ကျပ် ဖြင့်ရောင်းချနေ ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)