Main menu

“နေကြာ(ဆောင်း)ရိတ်သိမ်းမှုနှင့်စျေးနှုန်းအခြေအနေ”

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြပါသည်။ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် နေကြာ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင်(၁၀၂၇၄)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၂၁၃၈)ဧက၊မြစ်သားမြို့နယ်တွင်(၅၆၂၇)ဧက၊ စုစုပေါင်း(၂၈၀၃၉)ဧက စိုက်ပျိုး နိုင်ခဲ့ပြီး  ကျောက်ဆည်မြို့နယ်တွင်(၄၈၇၆)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၄၀၂၀)ဧက၊ မြစ်သားမြို့နယ်တွင်(၃၃၇၅)ဧက၊ စုစုပေါင်း(၁၂၂၇၁)ဧက  ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ နေကြာ(ဆောင်း)စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀)ကျပ် ကုန်ကြကြောင်း၊ ယခုအချိန်တွင် နေကြာ(ဆောင်း)များ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်း၊ (၁)ဧက အထွက်နှုန်းအနေဖြင့်(၂၀-၂၅) တင်းခန့်ထွက်ရှိကြောင်း၊ နေကြာစျေးနှုန်းများအနေဖြင့် ယခင်နှစ်နေကြာ တစ်တင်းလျှင်( ၃၈၀၀၀) ကျပ်နေကြာဆီတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၅၀၀၀၀) ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၁၇၀၀၀)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း၊ ယခုအချိန်တွင် နေကြာ(‌ဆောင်း)များ ရိတ်သိမ်းနေပြီဖြစ်ပါသည် ။ တောင်သူများမှ နေကြာများကို မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက်‌ရောင်းချကြကြောင်း၊ ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့်(၇၀၀၀၀၀)ကျပ် ဝန်းကျင်ခန့်မြတ်ကြောင်း၊ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီးကုန်ကျစရိတ်သက်သာ၍ မိသားစုအတွက်လည်းစားသုံးဆီ ဖူလုံမှုရရှိသဖြင့်တောင်သူများ သီးထပ်သီးညှပ်အပြင် နေကြာသီးသန့်အနေဖြင့်ပါ အများအပြားစိုက်ပျိုးသင့်သော စီးပွားရေးတွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)