Main menu

“ပဲချဉ်ပေါင်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းခါနီးချိန်တွင် လယ်မြေများ၌ စတင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် ပတ်ကြဲစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် (၁)ဧကလျှင်(၁)တင်းခန့် ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၆၅၀၀၀-၇၀၀၀၀-)ကျပ် စျေးနှုန်းပေးရကြောင်း၊ နိုဝင်ဘာလ တွင်စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် ပဲချဉ်ပေါင်‌စေ့(၈-၁၀)တင်းခန့် ထွက်ရှိကြောင်း၊ ယခုနှစ်တွင် ရာသီဥတုကောင်းမွန် သောကြောင့် (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၀-၁၂)တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ် ပဲချဉ်ပေါင် ပေါ်ချိန်စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၆၀၀၀၀-၆၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုလက်ရှိ ကျောက်ဆည်ပွဲရုံများတွင် ဖြစ်ပေါ်နေသော ပေါက်စျေးအနေဖြင့် ပဲချဉ်ပေါင်စေ့ တစ်တင်းလျှင် (၄၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပဲချဉ်ပေါင်စေ့ ကိုကြိတ်ခွဲပြီး ရရှိလာသောပဲချဉ်ပေါင်ဆံကို ချက်ပြုတ်၍သော်လည်းကောင်း၊ ကြော်၍သော်လည်းကောင်း စားသုံးကြပါသည် ။ စျေးကွက်အတွင်း၌ ပဲချဉ်ပေါင်ဆံ တစ်ပြည်လျှင်(၄၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေပြီး တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း၊ ချွေလှေ့၊ အလုပ်သမားခအပါအဝင် စုစုပေါင်း (၂၀၀၀၀၀-၂၅၀၀၀၀)ကျပ်ဝန်းကျင် ကုန်ကျကြောင်း၊ (၁)ဧကအကျိုး အမြတ်အနေဖြင့်(၃၀၀၀၀၀/-) ကျပ်ဝန်းကျင် ရရှိခဲ့ကြောင်း ၊ ပဲချဉ်ပေါင် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)