Main menu

အရောင်းအဝယ်သွက်လျက်ရှိသော ဆံပင်ကျွတ်ဈေးကွက်

Powered by Drupal

             မြန်မာနိုင်ငံရှိမြို့နယ်အများစုသည် ဆံပင်ကျွတ်နှင့် ဆံပင်ရောင်းဝယ်ရေးလုပ်ငန်းများဖြင့် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြပြီး ဆံပင်ကျွတ်ရောင်းဝယ်ရေးလုပ်ငန်းသည် ဈေးကွက်တစ်ခု အဖြစ်တည်ရှိသည်။ ဆံပင်ကျွတ်ရောင်းဝယ်‌ရေးဆိုသည်မှာ လူတစ်ဦး၏ဆံပင်ကိုဖြတ်ပြီးရောင်းချခြင်း၊ ခေါင်းဖီးရာတွင် ကျွတ်လာသော ဆံပင်များကို စုဆောင်း၍ရောင်းချခြင်းကို ဆိုလိုပါသည်။

            မြင်းခြံမြို့နယ်တွင် ဆံပင်ကျွတ်(အနက်) တစ်ကျပ်သားလျှင် ၅၀၀၀ကျပ်၊ ဆံပင်ကျွတ် (အဖြူ) တစ်ကျပ်သားလျှင် ၃၀၀၀ကျပ်၊ လူတစ်ဦး၏ဆံပင်ကို လိုအပ်သောအရှည်အတိုင်းဖြတ်၍ ဆံပင်‌ကောင်းအရှည် ၁၈လက်မ တစ်ကျပ်သားလျှင်(၇၀၀၀) ကျပ်၊ အရှည်(၂၀) လက်မ တစ်ကျပ် သားလျှင်(၁၀၀၀၀)ကျပ်ဖြင့်အသီးသီး ရောင်းဝယ်လျက်ရှိသည်။ ဈေးကွက်တင်ပို့ရောင်းချမှုအနေဖြင့် မြို့သာနှင့် မိတ္ထီလာမြို့သို့ရောင်းလျက်ရှိသည်။ ဆံပင်ကို ရောင်းချရာတွင် ဆံပင်အမျိုးအစားအလိုက် ဈေးနှုန်းများကွဲပြားလျက်ရှိသည်။ ဆံပင်ကျွတ်ရောင်းဝယ်ရေးသည် အလှအပဆိုင်ရာလုပ်ငန်းများ တွင် အသုံးပြုပြီး ဆံပင်တုများ ပြုလုပ်ရာတွင် အသုံးပြုပါသည်။ ဆံပင်ကျွတ်ရောင်းဝယ်ရေးသည် စီးပွားရေးအရ အကျိုးအမြတ်ရရှိစေသောကြောင့် ဆံပင်ကိုရောင်းချသူများအတွက် ဝင်ငွေတစ်ခုဖြစ်စေ၍ ဝယ်ယူသူများအတွက် လိုအပ်သောဆံပင်ကို ရရှိစေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)