Main menu

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်ရှိ ဆေးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ခရိုင်ရုံးမှ ဝန်ထမ်း (၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ မတ်လ (၇)ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရပ်ကွက်ရှိ “သော်ဇင်”ဆေးဆိုင်၊ “နန္ဒဝန်”ဆေးဆိုင်၊ “ဆေးဘုရင်” ဆေးဆိုင်  (၃)ဆိုင်၌  တင်သွင်းဖြန်ဖြူးရောင်းချနေသော ဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ‌ရှင်းလင်းပြောကြားခဲ့ပြီး ဆေးအရောင်းဆိုင် ပိုင်ရှင်များ အနေဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် လျောက်ထားရရှိပြီးသော ဆေးဝါးများကို တင်သွင်း ဖြန့်ဖြူးရောင်းချရန်နှင့်  ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း၊ ‌ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုရန် ဆွေးနွေးပြောကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)