Main menu

ဖရဲသီး ဈေးနှုန်းဈေးကွက်

Powered by Drupal

ပွင့်လင်းရာသရောက်လာပြီဖြစ်၍၂၀၂၅ ခုနှစ် မတ်လ အတွင်း  မုံရွာသစ်သီးစျေးကွက်တွင် ရာသီစာဖရဲသီးများ ဝင်ရောက်လာပြီး၊ အရောင်း သွက်လျှက် ရှိကြောင်းသိရပါတယ်။ ဖရဲသီးအား အသီးအတိုင်းစားသုံးခြင်း၊ ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင်ထည့်၍ စားသုံးကြောင်းသိရပါ သည်။ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာပါဝင်သောကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင် ပြီး အပူကင်းအောင်စားပေးသင့်သော အသီးတစ်မျိုးလည်းဖြစ်ပါသည်။ ဖရဲသီးကိုစားသုံးခြင်းဖြင့် မိမိခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာကို ရရှိစေပါသည်။

 ၂၀၂၅ ခုနှစ်၊ မုံရွာမြို့ဈေးကွက်တွင် မတ်လအတွင်း ဝင်ရောက်လာသည့်ဖရဲသီး‌စျေးမှာ တစ်လုံးလျှင် အလုံးကြီး ၅၀၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ အလုံးလတ် ၃၀၀၀ ကျပ်နှင့်  ၄၀၀၀ ကျပ်၊ အလုံးသေး ၁၅၀၀ကျပ်နှင့် ၂၀၀၀ကျပ်စျေးဖြစ်ပြီး၊ အသီးအရွယ်အစားအလိုက် စျေးအနည်းငယ် ကွာခြားမှုရှိကြောင်း ဖရဲသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)